"ဘိုးတော်ကေနဲ့များ!"
"ခွီး..ဟီးးး..ခစ်ခစ်"
ခေါင်းမှာစောင်းထားတဲ့ဦးထုပ်ကိုချွတ်လိုက်တာမို့
မေမေ ညှပ်ပေးလိုက်တဲ့ လုံးကေလေးကပေါ်လာတော့
သဘောတကျရယ်နေတဲ့ကောင်လေးက ချစ်ဖို့ကောင်းလွန်းလှသည်။"ခစ်ခစ်......ဟီးး
ဘာကြည့်တာလဲ!"နုညံ့လွန်းတဲ့အကြည့်တွေအောက်မှာ ဘယ်လိုလူတွေကကြာကြာခံနိုင်မှာတဲ့လဲ။
အတင်းကာရော ရုန်းကန်ပြီး လှပလွန်းတဲ့မျက်ဝန်းတွေနဲ့ဝေးရာကိုထွက်ခဲ့လိုက်သည်။"ကိုယ်ရောလိုက်ခဲ့မယ်လေကွာ"
ရှည်လျားတဲ့ခြေတံကြီးတွေနဲ့ ခြေလှမ်းခပ်ကျဲကျဲလှမ်းပြီးလိုက်လာတဲ့ ဂျောင်ကုက သူ့ကိုခနအတွင်းအမှီလိုက်လာသည်။
ဂျောင်ကုကတော့ ကားပေါ်မှာလည်း တောင်စဉ်ရေမရအတွေးတွေကို တွေးပြီး မျက်နှာကပြုံးချင်ချင်ဖြစ်နေသည်။
ကိုယ့်အိမ်သူမောင်းတဲ့ကားမှာကပ်စီးရတယ်လို့!"ဘာတွေပြီတီတီလုပ်နေတာလဲ?
ဆင်းတော့လေ!"ကိုယ့်အတွေးနဲ့ကိုယ်မို့ ဘယ်ကဘယ်ပုံအိမ်ကိုရောက်သွားမှန်းမသိလိုက်။
"ကိုယ့်ကိုထမင်းကျွေးမလို့ဆို"
"မကျွေးတော့ဘူးလို့ပြောပြီးသားလေ။
အဲ့တော့ဘာဖြစ်လဲ"အိမ်ထဲကနေချောင်းကြည့်နေတဲ့ မေမေ့ကိုမြင်လိုက်တာမို့
ရီချင်သွားတာတော့အမှန်ပင်။
မေမေက ဂျီမင်းကို သူ့အိမ်သူဖြစ်ဖို့အရေးစိတ်အားထက်သန်လှသည်။"ဘာမှမဖြစ်ပါဘူးကွာ။
ကိုယ့်ကိုစိတ်ဆိုးတော့ပြေပေးမယ်မို့လား""ဘယ်သူကစိတ်ဆိုးတာလဲ။
ရူးနေလား!သွားတော့"ဂျီမင်းရဲ့စကားတွေကသူ့အတွက်တော့ တစ်ခွန်းဆိုတစ်ခွန်း အာဏာစက်ပြင်းလွန်းလှသည်။
အလိုလိုနေရင်းကို လိုက်နာနေမိတာမျိုး။သူတောင်အိမ်ထဲမရောက်သေးဘူး အိမ်ပေါက်ဝမှာပဲရှိသေးတာကို
မောင်းထွက်သွားတဲ့ ပြိုင်ကားလေးနဲ့ကောင်ငယ်လေးကိုကြည့်ပြီး
ဆုံးဖြတ်ချက်တစ်ခုတော့ ပိုင်ပိုင်နိုင်နိုင်ချလိုက်မိသည်။
ရှေ့လျောက်ရမယ့် အနာဂတ်လမ်းခရီးမှာလည်း ကိုယ့်အပေါ် အနိုင်ယူပါကွာ~