(Zawgyi Version )
မင်းကြီးအိပ်ဆောင်၌
ငါးနှစ်ရွယ် ကလေးတစ်ယောက်မှာ စကားမပီတပီနှင့် ရှစ်နှစ်ရွယ် အစ်ကိုတစ်ယောက်အား အားကိုးပြု၍ မျက်ရည်လည်ရွဲဖြင့် ပြောနေသည်။
"ကျန့် ge သေချာပေါက် ပြန်လာခေါ်နော် ''
" အင်း ge သေချာပေါက် ပြန်လာခေါ်မယ် စောင့်နေနော် '' ဆိုပြီးနောက် ပျောက်ကွယ်သွားသည်။
ထိုနေရာ၌ ကောင်လေးငယ် တစ်ယောက်သာ ကျန်ခဲ့တော့သည် ။မင်းကြီးသည် '' ge..ge... ကျန့်ကော ''ဟူ၍ ရေရွတ်ကာ နိုးလာသည်။ ပါးပြင်တွင် မျက်ရည် များရွှဲနေသည်။
မင်းကြီးသည် ထထိုင်ကာ တစ်ယောက်တည်း ရေရွတ်နေသည်။
'' ge....geကို ဘယ်ချိန်ထိလိုက်ရှာနေရမှာလဲ.. ge ကကော ကျွန်တော့်ကို လိုက်ရှာနေပါ့မလား ဒါမှမဟုတ် ကော မရှိတော့ဘူးလား ..
ဟင့်အင်း ge သေချာပေါက် အသက်ရှင်နေရမယ်"ရုတ်တရက် မင်းကြီး ၏အတွေးထဲတွင် မနေ့က မိန်းကလေး မျက်နှာအား မြင်ယောင်လာမိသည်။ မိန်းကလေးသည် ge နှင့် ရုပ်ခြင်း နည်းနည်း ဆင်သည်။ သို့ပေမယ့် မိန်းကလေး ဖြစ်နေသည်။
နန်းတော်သို့ရောက်ကတည်းက ယနေ့တိုင်ထိ မိန်းကလေး များ၏ အသားကို မထိနိုင်ခဲ့သူသည် သူမနဲ့ မှ ထိတွေ့လို့ရခဲ့သည်။
သူ့မှာ မကြောက်မလန့် လက်တောင် ကမ်းပေးလိုက်မိသေးသည်။
ထိုမိန်းကလေးသည် စိတ်ဝင်စားဖွယ်များနှင့် ပြည့်နှက်နေသည်။မင်းကြီးသည် လုပ်နေကြအတိုင်း မျက်နှာဖုံး ကောက်ဝတ်ကာ''လာကြစမ်း အပြင်မှာ ဘယ်သူရှိလဲ ''
ကျင့်မင် သည် အိပ်ဆောင်သို့ဝင်လာသည်။
" ဇီချန် နိုးပြီလား "
မင်းကြီး က ပြောသည်။
" ဘာလို့ နင်လဲ တခြားလူ တွေကော ''
ကျင့်မင် က ပြောသည်။
''ဇီချန် မေ့နေပြီလား ဒီနေ့ မယ်မယ် မွေးနေ့ပွဲလေ မယ်မယ် က အပျိုတော် တွေကို လွတ်လပ်ခွင့်ပေးလိုက်တယ် အပျိုတော် အသစ်တွေတော့ ခေါ်ထားတယ် နောက်ရက်လောက်ဆို အဆင်ပြေသွားမှာပါ ပြီးတော့ ရန်က သံတမန် လာမှာမို့ ကြိုပြင်ဆင်နေကြတာမလို့ အခုတလော လူနည်းနေတာ "
YOU ARE READING
Life Of A King And His Destiny (BL)(Own Creation)
Fantasiသူက ငါ့နှလုံးသားထဲကို နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေတဲ့ မြှားတစ်စင်း လိုပဲ မင်းသာ အဲ့မြှားကို ငါ့နှလုံးသားထဲကနေ ဆွဲထုတ်လိုက်ရင် ငါ ဆက်ပြီး ရှင်သန်နိုင်မယ် မထင်ဘူး