နေညိုညိုညနေခင်း...ထုံးစံအတိုင်း...တစ်နေ့တာလှုပ်ရှားရုန်းကန်နေမှုတွေအတွက် အနားယူရတော့မည့်အချိန်...။
အိပ်စက်တော့မည့်နေမင်းကြီးက..သိပ်မလင်းသေးသည့်လခြမ်းလေးဆီသို့ တာဝန်လွှဲပြောင်းရန်အတွက် ပြင်ဆင်ချေပြီ...။
လိမ္မော်ရောင်ကောင်းကင်ကြီးကတော့...အနုပညာသမားတို့အတွက် ပန်းချီကားတစ်ချပ်အဖြစ် ဖော်ကျူးနေလေ၏........။သီချင်းလေး တစ်အေးအေးဖြင့် ရွှင်လန်းမြူးကြွနေသည့် မင်းရဲမာန်တစ်ယောက်...သူ၏ဗီဒိုထဲမှ များပြားလှသော အင်္ကျီအဝတ်အစားတွေအား တစ်စုံပြီးတစ်စုံရွေးနေသည်....။
သူ၏အခန်းတံခါးကိုဖြည်းဖြည်းချင်းဖွင့်ပြီး..ချောင်းဝင်လာသူကတော့...သူငယ်ချင်းဖြစ်သူ ကျော်သူရ..."အမယ်...မင်းရဲမာန်..သီချင်းတွေဘာတွေဆိုလို့ပါလား...အထူးအဆန်းပဲဟေ့..."
ကျော်သူရအား...ခပ်ထေ့ထေ့လှည့်ကြည့်လိုက်ပြီး...မင်းရဲမာန်...လုပ်လက်စအလုပ်ကိုသာဆက်လုပ်လိုက်သည်...။ပိုပြီး မြူးကြွလျှက်ပင်.....။
ဆိုဖာပေါ်မှာထိုင်ရင်း...ကျော်သူရတစ်ယောက်ကတော့...အကဲခတ်နေ၏...."ဟရောင်...ဘာဖြစ်နေတာလဲ...ဘာလဲ...ဟန်ဇင်ခကိုရလိုက်ပြီလား...ခွီး.."
ထိုတော့မှ မင်းရဲမာန်သီချင်းဆိုတာကိုရပ်လိုက်ပြီး...တစ်ခုခုကိုသတိရသွားပုံဖြင့်.....
"Shit..."
"ဘာဖြစ်တာလဲဟ.."
မင်းရဲမာန် အလိုမကျသည့်မျက်နှာဖြင့်...ကျော်သူရဘက်သို့လှည့်ကြည့်ကာ....
"မင်းပြောမှပဲ သတိရတော့တယ်...babyဟန်က ငါ့ကိုစိန်ခေါ်ထားတယ်ကွ...အဟက်.."
"အဲ့တာကြောင့် မင်းပျော်နေတာကိုး...ဟဟ"
မင်းရဲမာန်..ကျော်သူရဘေးမှာဝင်ထိုင်လိုက်ပြီး...ပခုံးကိုဖက်လိုက်ကာ....
"မင်းလိုကောင်ကလေ...ငါ့သူငယ်ချင်းဖြစ်နေပြီး..ငါဘာဖြစ်နေမှန်းတောင်မသိဘူးလား...ဟမ်.."
"ဘာလို့သိရမှာ..ဒီမှာ ငါကဒေါက်တာတစ်ယောက်..ဟွင်းဟွင်း...လူနာတွေအများကြီးရဲ့အသက်ကိုကယ်နေတာ..မင်းလိုကောင်ကိုလိုက်ကြည့်နေဖို့အချိန်မရဘူး..."
VOCÊ ESTÁ LENDO
⚠BECAUSE...⁉ {U+Z} (Completed)
Romanceဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............