"ပြန်တော့လေ...ရပါပြီ"
"ဖြစ်ပါ့မလား!
အကိုလေးကိုကြည့်ရတာ အရမ်းတုန်လှုပ်နေသလိုပဲ""ရပါပြီ"
နောက်ဆုံးမှာတော့ ဂျီမင်းရဲ့စကားကိုနားထောင်ပြီး စောဂျွန်း ပြန်လာခဲ့ရသည်။ လိမ္မော်ဖျော်ရည်လေးကိုတော့ အမောပြေစေရန်ဖျော်ပေးခဲ့သေးသည်။ အရင်တစ်ခါလည်း ဒါမျိုးအဖြစ်အပျက်မျိုးကြုံဖူးသည်။ ဦးကြီးပြောပြတာတော့ အကိုလေး အလယ်တန်းလောက်တုန်းက ကျောင်းကအပြန် ဆေးရုံကနေပြေးထွက်လာတဲ့ အရူးလိုက်တာခံရဖူးတယ်တဲ့။
အဲ့ချိန်ကစပြီး အကိုလေးက စိတ်ကျန်းမာရေးမကောင်းတဲ့သူတွေကို ခြေတုန်အောင်ကြောက်တော့တာပဲ။"ကိုကိုပြန်လာပြီ"
"ညီမလေးကလည်း မအိပ်ဘဲနဲ့ဘာလုပ်နေတာလဲ။
အိပ်ရေးပျက်ရင် အသားအရေတွေမလှတော့ဘူးနော်"စောဂျွန်းရဲ့စကားကြောင့် မနက်ဝေလီဝေလင်းမှာ သူမရီလိုက်မိသည်။ စောဂျွန်းဟာ သူမအတွက်တော့ အဖိုးတန်လူသားဖြစ်သည်။
အမြဲတမ်းပဲ သူမကိုဦးစားပေးလွန်းတဲ့ ကိုကို့ ကို တစ်ခြားလူရဲ့ လက်ထဲကိုထည့်ပေးလိုက်ဖို့ရာ မဖြစ်နိုင်သေးဘူး။
အကိုလေးနဲ့ ပတ်သက်ရင် ကိုကိုက ငြင်းခဲလွန်းတာကို သဘောမကျ။မိသားစုအတွက် တက္ကသိုလ်တက်ပြီး လူငယ်ဆန်ဆန်တောင် မနေခဲ့ရတာမို့ စိတ်မကောင်းသာဖြစ်ပေးနိုင်သည့်အပြင် အကိုဖြစ်သူကို ကျေးဇူးပြန်ဆပ်ဖို့ကို စိတ်ကူးသာယဉ်နိုင်သေးသည်။"မနက်လေးနာရီ ကိုကိုရဲ့..
စာတွေမကြေသေးလို့။
ဒါနဲ့ ကိုကို့ကို မေးစရာရှိသေးတယ်""မေးလေ..
မုန့်ဖိုးလိုချင်လို့လား!
ကိုကို ပြောထားတယ်လေ မုန့်ဖို့လိုချင်ရင်တောင်းပါလို့!
ပိုက်ဆံရှိလားတွေဘာတွေ မေးနေစရာမလိုပါဘူးဆို""မဟုတ်ပါဘူး ကိုကိုရဲ့..ဟို..ဟို
...........
အကိုလေးကို စိတ်ဝင်စားနေတာလားဟင်"မထင်မှတ်ထားတဲ့အချိန်မှာ ထင်မှတ်မထားတာတွေဖြစ်လာရင် လူတွေက စိတ်လှုပ်ရှားကြမယ်ထင်ပါတယ်။ စောဂျွန်းမှာတော့ နှလုံးခုန်သံတွေကျယ်လောင်လာသည်အထိပင်...