အပိုင်း ၎

95 13 0
                                    

(Zawgyi Version)

ရွှီရင်းသည် လက်ဖြင့်အချက်ပြပြီးနောက် ကြောင်အနေသောနှစ်ယောက်ကို ထားကာ
အုပ်စုလိုက် ပြန်လှည့်သွားတော့သည်။

ယွီဟန်မှာ ဖြစ်ပျက်သွားသည် ကို သေချာမသိလိုက်။
' နှုတ်ခမ်းခြင်း ထိသွားတာလား မဟုတ်လောက်ပါဘူး 'ဟူ၍ သူ့နှုတ်ခမ်းကို ထိပြီး သူ့ဘာသာ တွေးကာ စိတ်ထဲတွင် အတန်တန်ငြင်းဆန်နေတော့သည်။

' မဟုတ်လောက်ပါဘူး ..မဟုတ်လောက်ပါဘူး စိတ်ထင်နေတာပါ ဟုတ်တယ် စိတ်ထင်တာ တကယ်မဟုတ်ဘူး '

အချိန်အတန်ကြာသော် ယွီပင်းမှာ သတိဝင်လာပြီး လက်ဖြင့် နှုတ်ခမ်းကိုထိကိုင်နေသော အစ်ကို ကို
ပြောလိုက်သည်။

"အစ်ကို ဘာဖြစ်နေတာလဲ သူတို့တွေတောင် ပြန်သွားပြီကို''

ယွီဟန်မှာ ယွီပင်း၏ အသံကို မကြား ငြိမ်သက်နေဆဲ ။

" ge...... '' ဟု ကျယ်လောင်စွာအော်မှ ယွီဟန် မှာ တုန်လှုပ်သွားတော့သည်။

" ဖြည်းဖြည်း ပြောပါဟ ငါကြားပါတယ် "

ယွီပင်းသည် ပါးတွေရဲနေသော ယွီဟန်ကို မေးလိုက်သည်။

" ge အဆင်ပြေရဲ့လား ပါးတွေရဲနေတယ် ဘာဖြစ်လို့လဲ "

ယွီဟန် မှာ ရဲနေသောပါးကို ပွတ်ပြီး အဆင်ပြေကြောင်း မြန်မြန်ပြောလိုက်သည်။

" အမ် ဘာမှ မဖြစ်ဘူး အဆင်ပြေတယ် "

သူတို့ ညီအစ်ကို နှစ်ယောက် မှာ မင်းကြီး အမိန့်​ကြောင့် ဖုန်းကျန့် ကို စုံစမ်းရန် ထွက်လာခဲ့သော်လည်း ကံမကောင်းစွာဖြင့် ဓားပြတိုက်ခံရလေသည်။

..............

နန်းတော်တွင်း၌ စားသောက်ပွဲများ ၊ အတီး အဆို အမှုတ် အကများဖြင့် ခမ်းနားကြီးကျယ်စွာ ကျင်းပနေသည်။ မင်းကြီးမှာ နေ့တစ်ပိုင်းလုံး ထိုင်နေရသည့်အတွက် ပျင်းရိငြီးငွေ့နေသည်။ထုံးစံအတိုင်း မှေးထောက်ကာ မိန်းနေသည်။ဘေးက ကျင့်မင်မှ
လက်ဆောင်ဘဏ္ဍာ ဆက်သရမယ့် အချိန်ရောက်တော့မှာ ဟု ပြောမှ
သေသေချာချာ ကျကျနန ထိုင်သည်။

အားလုံး မှာ အစီအစဉ် အတိုင်း လက်ဆောင် ဆက်သကြသည်။

" မင်းကြီး က ရွှေချည်ဖြင့် ရက်ထားသော ပဝါ တစ်ထည် လက်ဆောင်ကမ်းပါတယ် ''

Life Of A King And His Destiny (BL)(Own Creation) Where stories live. Discover now