VVIP❣️ဒေါက်တာကဆေးချိတ်ပေးထားခဲ့တာမို့ Bossက ခုတင်ပေါ်မှာအနားယူနေသည်။
"Boss"
"ဘာလဲဇွဲကိုရာ ငါနားချင်ပါတယ်ဆို"
"ကျနော်သိချင်လို့"
"ဘာလဲကွာ မေး"
"Boss လက်သမားလုပ်တော့မယ်ဆိုတော့
အခုလုပ်ငန်းတွေကို ကျနော့်ပေးတော့မှာလားဟင်""ဘာကွ"
"အမလေး လန့်လိုက်တာBossရယ် ဖြေးဖြေးအော်ပါ
ချိတ်ထားတဲ့အားဆေးကို အားနာအုံးလေ""မင်းကိုငါလက်သမားလုပ်မယ်လို့ဘယ်သူပြောလဲ"
"Bossပဲစောစောကဒေါက်တာကိုပြောနေတာလေ
လက်သမားလုပ်တာများသွားလို့ အားကုန်သွားတယ်ဆို""ဇွဲကို"
"အာ…ဖြေးဖြေးအော်ပါဆိုBossရယ်
ကျနော်နားကောင်းပါတယ်ဗျ
Bossကလဲနော် လက်သမားလုပ်တယ်သာပြောတယ်
ဒီအခန်းထဲမှာ ထိုင်ခုံအသစ်တစ်လုံးမပြောနဲ့
Bossလုပ်ထားတာနဲ့တူတာ ဘာတစ်ခုမှလဲမရှိဘူး
ဘာပစ္စည်းမှလဲမရှိဘဲ ဘာနဲ့များလက်သမားလုပ်လဲBoss""ဇွဲကို အေး မင်းသေပြီသာမှတ်
ဘယ်မလဲ ငါ့သေနတ် ရှာပေးစမ်း""သေနတ် ဘာလုပ်ဖို့လဲBoss
အားကုန်နေတဲ့အချိန် သေနတ်မကိုင်တာအကောင်းဆုံးပဲလေဗျာ""မင်းကိုပစ်သတ်မလို့
ဒူလွန်းအလွန်းတဲ့နေရာမှာ ဆရာတင်လောက်တဲ့ မင်းကိုသတ်မလို့""ဗျာ…ကျနော်ဘာလုပ်မိလို့လဲBossရယ်"
"ခွေးကောင် ငါတောင်မသေသေးဘူး
မင်းကငါ့စီးပွားရေးတွေ ပစ်မှားနေပြီ မြွေကိုက်သေမဲ့ကောင်
ထွက်သွား အခန်းထဲက……""အဲ့လို…အဲ့လိုမဟုတ်ပါဘူးBossရယ်
ကျနော်က တကယ်မသိလို့ပေးမိတာပါ""စကားမရှည်နဲ့ ထွက်သွားဟေ့ကောင်
ငါသေနတ်တွေ့မှဆို မင်းအသက်ထွက်ဖို့ပြင်ထား""ထွက်ပြီ Bossရေ ထွက်ပြီ
အသက်တော့မထွက်ပါရစေနဲ့ လူပဲထွက်ပါ့မယ်ဗျာ"သေနတ်လိုက်ရှာနေသည့် Bossကြောင့် ဇွဲကိုအမြန်ပင်အခန်းပြင်ထွက်ခဲ့ရသည်။
နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ပဲ။