အပိုင်း ၁၁ (ကျွန်တော်က မိစ္ဆာဘုရင်ရဲ့သား)

483 64 5
                                    

အပိုင်း ၁၁ (ကျွန်တော်က မိစ္ဆာဘုရင်ရဲ့သား)

မိစ္ဆာနယ်မြေရှိ အချုပ်ခန်းတစ်ခုထဲတွင် လန်လန် ပိတ်မိနေသည်။ စိတ်ထဲတွင်လည်း ချူယင်ကို ကျိန်ဆဲနေမိတော့သည်။ သူမမေတ္တာပို့နေချိန်တွင် ချူယင်သည် အချုပ်ခန်းရှေ့သို့ရောက်လာတော့သည်။

"ချူယင် နင် မိစ္ဆာတွေနဲ့အပေါင်းအသင်းလုပ်နေတယ်လား''

ချူယင်သည် မထီသလိုပြုံးကာ...

"သူတို့ကလား လက်ကိုင်တုတ်တစ်ခုပါ''

"နင်မရှက်ဘူးလား နတ်နဂါးမျိုးနွယ်တစ်ယောက်ဖြစ်ပြီး မိစ္ဆာတွေနဲ့ပူးပေါင်းနေတယ်''

ချူယင်၏မျက်နှာသည် ဒေါသကြောင့် နီရဲလာပြီး...

"ငါကလေ နင့်ကို အဲ့ဒီမိစ္ဆာတွေထက်ပိုမုန်းတယ် နင်ဆိုတဲ့သူက အစထဲကမွေးဖွားမလာသင့်ဘူး မတန်မရာ သုံးလောကအလှဆုံးတဲ့လား ဟားဟားဟားဟား အရမ်းရယ်ရတာပဲ ဘယ်ဥကပေါက်မှန်းမသိတဲ့ နင့်လိုဟာမကို နဂါးနန်းတော်ထဲခေါ်လာတဲ့ ခမည်းတော်ကိုငါအရမ်းသနားတာပဲ''

"ချူယင် နင်....''

"အခုတော့ မိစ္ဆာဘုရင်နှိပ်စက်တာ ခံလိုက်အုံးပေါ့ နင် အသက်ရှင်လျက်ပြန်မထွက်လာဖို့ ဆုတောင်းပါတယ်နော် အဟင်း''

ချူယင်အားကျိန်ဆဲနေရုံမှအပ မတတ်နိုင်တော့ပေ။ လုံရန့်ကလည်း စစ်ချီထွက်သွားပြီဖြစ်သောကြောင့် သူမဘယ်လိုလုပ်ရမှန်းမသိပေ။ လိပ်ဖိုးဖိုးတို့ကလည်း သူမ မိစ္ဆာဖမ်းခံရမှန်း သိမှာမဟုတ်ပေ။

ထိုစဥ် သူမ၏အကျဥ်းခန်းသို့ ကလေးတစ်ယောက်ရောက်လာတော့သည်။ ထိုကလေးလေး၏မျက်နှာသည် အလွန်ကြည့်ကောင်းသည်ဟုခံစားရသည်။ ပန်းရောင်သန်းနေသော ပါးမို့မို့လေးသည် ကိုက်စားချင်စရာကောင်းသော မက်မုံသီးလေးသဖွယ်...

"ဟေး မက်မုံသီးလေး လမ်းပျောက်လာတာလား''

မက်မုံသီးလေး ဟုအခေါ်ခံလိုက်ရသော ကလေးလေးသည် ရှူးရှူးရှားရှားနှင့် ဒေါသတကြီးတုံ့ပြန်လေသည်။

"ကျွန်တော့နာမည်က မက်မုံသီးမဟုတ်ဘူးဗျ''

"အာ ထားပါတော့ မက်မုံသီးလေး ဒီကိုဘာလာလုပ်တာလဲ''

အရှေ့ပင်လယ် မှ အတိတ်ပုံရိပ်များ (unicode+zawgyi)(completed)Where stories live. Discover now