Unicode
" အာ့... "
တံခါးတွင်ဖိကပ်၍ လည်တိုင်ကို အညှိုးနှင့်ကိုက်ခဲထားသော wu yifan ကြောင့် အားနည်နေသည့် မျက်လုံးတွေက ပို၍ဝေ ဝါးလာသည်။ wu yifanရဲ့လက်တွေဟာလည်း ကျွန်တော့်ကိုယ်ပေါ်မှ အဝတ်တွေကို တစ်စစီဆွဲဖြဲနေသည်။
ပုံမှန်အချိန်ဆို အားစိုက်လိုက်လျှင် လွတ်မြောက်နိုင်ပါလျက် အိပ်ရေးပျက်ထားသောကြောင့် သူ့ပုခုံးကို တွန်းဖယ်နေသည့် ကျွန်တော့်လက်တွေက အားမပါ။
နာကျင်မှုက အပြင်ဘက်ကသာမက ရင်ထဲကပါဖြစ်လာ၍ မျက်ရည်တွေဝဲလာမိသည်။ ရှိုက်သံမထွက်အောင် နှုတ်ခမ်းကို ကိုက်ထားရင်း ရုန်းကန်နေသည့်ကြားမှ ကျွန်တော့်ကိုယ်ပေါ်မှ အဝတ်အစားတွေ တစ်လွှာချင်းကွာလာသည်။
ကြောက်လန့်မှုကြောင့် ကျွန်တော့်တစ်ကိုယ်လုံး တုန်ယင်လာသည့်အခါ wu yifanက ကိုက်ခဲထားသည်ကို လွှတ်၍ အမဲဖျက်တော့မည့် သားကောင်တစ်ကောင်ကို ကြည့်သည့်အကြည့်မျိုးဖြင့် မျက်ရည်များဝဲနေသည့် ကျွန်တော့်ကို အရသာခံ၍ ကြည့်နေသည်။
နာကျည်းခြင်း၊ ဝမ်းနည်းခြင်းနဲ့ ကြောက်ရွံ့ခြင်းတွေရောထွေးကာ အကြည့်မဆုံအောင်ခေါင်းငုံ့ထားလိုက်မိသောအခါ သူငုံခဲခဲ့သည့် လည်ပင်းတစ်နေရာက စပ်ဖျင်းဖျင်းဖြစ်နေသည်ကို ခံစားလိုက်ရသည်။
ရုတ်တရက် ကျွန်တော့်ခါးကို လက်တစ်ဖက်ဖြင့်ဆွဲဖက်လိုက်သော သူကြောင့် ကိုယ်ချင်းနီးကပ်သွားသည်။ လွှဲဖယ်နေသည့် ကျွန်တော့်မျက်နှာကို ဆွဲလှည့်လိုက်သည့်အခါ သူ့ရဲ့ တင်းမာနေသည့်မျက်နှာနှင့် ထိပ်တိုက်တွေ့လိုက်ရသည်။
" မင်း... ဘာဖြစ်ချင်တာလဲ.. "
ပင်ပန်းမှုတွေကြောင့် ကျွန်တော့်အသံက ပါးလျလျ။
wu yifanက ပြန်ဖြေမည့်အစား ညစ်ကျယ်ကျယ်ပြုံး၍ ကျွန်တော့် လည်တိုင်တစ်နေရာကို လက်နှင့် ဖိလိုက်သည်။" ahh..huhhh... "
လက်ကို ပြန်ခွာလိုက်တော့သွေးတွေကပ်ပါလာသည်ကိုတွေ့လိုက်ရသောအခါ သူ့သွားစွယ်တွေကြောင့် ပေါက်သွားတာမှန်းသိလိုက်သည်။
wu yifanက လက်ထိပ်ကသွေးတွေကို လျှာနဲ့ လျက်၍ အေးအေးစက်စက်ပြုံးပြသည်။
YOU ARE READING
ပုံပြင်မဆန်သောပုံပြင်
Fanfiction- တကယ်တမ်းတော့ အချစ်သည် ရိုးရှင်းစွာ ချစ်နေရုံပင် ဖြစ်ပါသည်။ - တကယ်တမ်းတော့အချစ်သည်ရိုးရှင်းစွာချစ်နေရုံပင်ဖြစ်ပါသည်။ (Unicode+zawgyi) KY/BL/1st creation enjoy ~