Part 22

39.3K 3.1K 111
                                    


VVIP❣️

🎶အိပ်မက်ကလေးထဲမှာ အသေးလေးနဲ့အတူအမြဲဆုံချင်တယ်………အပြင်မှာတို့ဘဝတွေဝေးကြရင် ဝေးပေါ့အသေးလေး နှလုံးသားတွေတော့……အမြဲနီးပါစေပေါ့🎶

အိပ်မက်လေးထဲမှာအသေးလေးနဲ့ဆုံချင်တာတောင်မှ ဘဝကအားတီစီစဉ်တာမဟုတ်တော့ အဆင်မပြေဘူး။

မအေးအေးဝင်းစီစဉ်ခိုင်းရအောင်လဲ ကိုယ်ကြိုက်နေတာ မင်းသမီးမဟုတ်ဘဲ မော်ဒယ်ကောင်လေးဖြစ်နေပြန်ရော။

ကိုယုန်လေးရေ ကျနော့်ကိုစီစဉ်ပေးပါအုံးဗျာ။
အနည်းဆုံးဝိုင်းဆဲခံရလဲ ဆဲတဲ့သူတွေထဲက တစ်ယောက်လောက်ဆွဲစိလိုက်ရင် နည်းသလား။

ဟင့်အင်း……တော်ပါပြီ တော်ကြာ သူ့သီချင်းထဲက ဘော်လီအကျီ င်္
မပါတဲ့ဘဲကြီးကလာလုံးသွားရင် ခက်နေလိမ့်မယ်။
ကိုယုန်လေးရေ ကျနော့်ကိုလမ်းတွေ့ရင်တောင် မနှုတ်ဆက်ပါနဲ့နော်။🙃

ဝွန်းစတာ ကိုကြီးကလဲဇွတ်။
ဘယ်သူမှမကယ်ကြတော့ဘူးလား ကျနော်ဇွဲကို ရည်းစားရဖို့
ဘယ်သူမှမကူညီကြတော့ဘူး။
အမေမို့ရေ သားကိုကယ်ပါအုံးဗျာ။

"ဇွဲကို ငါဒီနေ့ အစည်းဝေးသွားစရာရှိတယ်နော်
မင်းလိုက်ခဲ့ရမယ်"

အော် အမေမို့မကယ်တဲ့အပြင် ဆရာတွပ်ပီကခိုင်းဖို့လာခေါ်ရတယ်လို့။

"Bossကျနော်တကယ်မအားလို့
တစ်ယောက်ထဲသွားလိုက်ပါနော်"

"မင်းက ငါခိုင်းတဲ့အလုပ်အပြင်တခြားဘာရှိသေးလို့မအားတာလဲ"

"ဘာမှမရှိပါဘူး ကျနော်တကယ်မအားလို့ပါ"

"မင်းမဟုတ်တော့ဘူးဇွဲကို
ဒီရက်ပိုင်း အိမ်မှာလဲမကပ်ဘူး
ငါခိုင်းတဲ့အလုပ်တွေလဲ တဆင့်ပဲပြန်ခိုင်းနေတယ်
မှန်မှန်ပြောစမ်း မင်းဘာမဟုတ်တာလုပ်နေတာလဲ"

"မလုပ်ပါဘူး ကျနော်ဟုတ်တာတွေပဲလုပ်နေတာ"

ထိုစဉ်အကိုလေးသစ်ကူးအပေါ်ကဆင်းလာတာမို့
ဇွဲကိုပြေးဖို့ပြင်ရသည်။

"ဘယ်လဲ ဘယ်လဲအဲ့ဒါက
ပြန်လာခဲ့စမ်းပါခင်ဗျား"

အကိုလေးကလှေကားအောက်ဆုံးထစ်ကာနေ ခါးထောက်က ရန်တွေ့ဖို့ပြင်နေသည်။
အားကိုးတကြီးBossကိုကြည့်တော့လဲ ငါ့အလှလေးကို
ဘာလုပ်ထားတာလဲဆိုသည့်ဒီဇိုင်း။

🔥VVIP🔥 (Completed)Donde viven las historias. Descúbrelo ahora