Part-32(ခါသီးမှုတို့စားသုံးပြီးနောက်)

581 55 4
                                    

For Unicode
ခါးသီးမှုတို့စားသုံးပြီနောက်

ထိုသို့အတိတ်နေ့ရက်ဆိုးများကို အလည်သွားမိသော မြတ်သူသည်လည်း နာကျင်မှုအပြည့်နှင့်။ နာကျင်မှုတို့ ဖြစ်တည်နေ‌‌သော ရင်ဘတ်အစုံကို ဖိထားရင်း အမှောင်ထုထဲတွင် အော်ဟစ်နေမိသည်။ ‌အော်ဟစ်နေသောအသံကို မည်သူကြားမည်နည်း။ ဤသည်ကို မြတ်သူမသိ။ သူ၏၏အသံကို တစ်ပါးသူ ကြားလိုကြားငြား အော်နေဆဲ..။

ကူရာမဲ့နေတဲ့ ကျွန်တော့်ကို ဘယ်သူမှမမြင်နိုင်ဘူးလား။ နာကျင်လိုက်တာ။ ဒီအမှောင်ထုမှ ရုန်းထွက်ခွင့်ပေးပါ...။

“ နိုးထပါတော့.. ကျေးဇူးပြုပြီးနိုးထခွင့်ပေးပါတော့ "

အော်ဟစ်သံတို့၏အဆုံး၌ မိမိအရှေ့တွင်ပေါ်လာသော အလင်းတန်းတစ်ခု။ ထိုအလင်းတန်းရှိရာသို့ အပြေးသွားမိပါသည်။ နာကျင်မှုတို့မှ ရုန်းထွက်၍သာ..။

ဆေးရုံခုတင်ထက်တွင် လှဲလှောင်းနေသောလူငယ်တစ်ဦးသည် လက်သီးတို့ကို ကျစ်ကျစ်ပါအောင်ဆုပ်လျက်၊ မျက်ရည်တို့မှာလည်း စီးကျလျက် တုန်လှုပ်လာသော ကိုယ်ငယ်လေးအား အောင်ပိုင်မှ ထိန်းပေးထားသည်။ ထို့နောက် မျက်လုံးတို့မှာ ပွင့်လာသည်။ မျက်ရည်တို့စုလျက် ၀မ်းနည်းမှုအရိပ်အယောင်များပါသော ထိုအကြည့်တို့သည် ၀မ်းနည်းထိတ်လန့်ဖွယ်ကောင်းသော တစ်စုံတစ်ရာနှင့်ဆုံတွေ့ခဲ့ရကြောင်းကို သက်သေပြနေသည်။ သူငယ်ချင်းဖြစ်သူ၏ ပုံပန်းအသွင်အပြင်ကိုကြည့်ကာ အောင်ပိုင်သည်လည်း ၀မ်းနည်းရပြန်သည်။

“ မြတ်သူ.. မြတ်သူ.. ငါလေ.. ငါအောင်ပိုင်လေ.. မင်းငါ့ကိုမှတ်မိလား.. "

အောင်ပိုင်၏အမေးကို မြတ်သူကြားပါသည်။ ၀မ်းနည်းမှုတို့စို့နင့်ကာ တာဝေးအပြေးပြိုင်ပွဲတွင် အပြေးပြိုင်ထားသူပမာ မောဟိုက်နေသောကြောင့် စကားမပြောနိုင်။ ခေါင်းသာ ညိတ်ပြခဲ့ရသည်။

“ အဲဒါဆိုခဏနေဦးနော်။ ငါဆရာ၀န်သွားခေါ်လိုက်ဦးမယ် "

အောင်ပိုင်သည် ဆရာ၀န်သွားခေါ်နေစဉ် မြတ်သူ၏အဘွား ဒေါ်သူဇာနှင့် မြတ်သူအမေ ဒေါ်မြတ်ကေသီတို့ ရောက်လာသည်။ ‌‌မြေးဖြစ်သူ.. သားဖြစ်သူ၏ မျက်ရည်များနှင့်၀မ်းနည်းနေသာ အသွင်အပြင်ကိုကြည့်ကာ ဒေါ်သူဇာနှင့်ဒေါ်မြတ်ကေသီတို့သည်လည်း စိတ်မကောင်းဖြစ်ရပြန်သည်။

Amiss Prayer (Zawgyi&Unicode) [Completed]Hikayelerin yaşadığı yer. Şimdi keşfedin