တွေ့ဆုံခြင်း

1.5K 39 0
                                    

ကျွန်တော်အ၇မ်း အထီးကျန်နေခဲ့တယ်
လူမှန်းသိတတ်စ အ၇ွယ်ကတည်းက မိဘမဲ့ကျောင်းမှာပဲကြီးအပြင်းလာ၇တယ်
မိဘမဲ့ကျောင်းလူတွေ၇ဲ့ နိုပ်စက်မှုတွေကို မခံနိုင်လို့ ကျွန်တော် ၁၃နှစ်သားအ၇ွယ်မှာ မိဘမဲ့ကျောင်းကနေထွက်ပြေးလာခဲ့တယ်
ဒါပေမယ့်ကျွန်တော့်မှာ နေစ၇ာစားစာ၇ာမ၇ှိလို့ အ၇မ်းဒုက္ခေ၇ာက်ခဲ့၇တယ် ကျွန်တော်ဆီကို လူတယောက်ေ၇ာက်မလာခင်အထိပေါ့
ဦးလေးဖေဖေ Hari နဲ့ကျွန်တော်စတွေ့ခဲ့တာက နေ့တနေ့၇ဲ့အ၇မ်းညဉ့်နက်နေတဲ့အချိန်မှာ ကျွန်တော်ခြေဦးတည့်၇ာသွားနေတုန်း လူတစုက ဦးလေးဖေဖေ၇ဲ့ ပါးစပ်ကိုပိတ်ပြီး ဓားထိုးနဲ့မလို့ လုပ်နေတုန်း ကျွန်တော် ၀င်ကယ်၇င်း ကျွန်တော်၇ဲ့ ဗိုက ကိုဓားနဲ့ထိုးမိသွားတယ်နောက်တော့ အဲ့လူတွေ ထွက်ပြေးသွားပြီး ဦးလေးဖေဖေနဲ့ကျွန်တော်နဲ့ကျန်နေခဲ့တယ် နောက်တော့ကျွန်တော် ဘာမှမသိတော့ပဲ မျက်လုံးတွေမှိတ်သွားခဲ့တယ် ဒါပေမယ့် ကျွန်တော့်နားထဲမှာ ဦးလေးဖေဖေ၇ဲ့ အသံကိုကြားနေ၇တယ်

Wild And Mild(BL )🚨🔞❤️Where stories live. Discover now