ထိုနေ့ မွန်းလွဲချိန် ၂ နာရီခန့်တီးသော် ။
ဒီအိမ်ကြီးထဲဝယ် ရှောင်ရန်ဆောင်ရန် ကိစ္စအချို့ကို မှတ်စုတိုစာအုပ်လေးထဲ
သပ်ရပ်စွာမှတ်ထားသည် ။ မှတ်ညဏ် အကောင်းကြီးထဲမပါဝင်၍ ဘကြီးပြောသမျှ အလွတ်မှတ်မိရရန် ကျွန်တော့်အတွက်တော့ အခြေအနေမဟန်လှချေ ။ ကိုယ့်အကြောင်း ကိုယ်သာအသိဆုံးမို့ မှတ်စုတိုစာအုပ်လေးနဲ့
ဘောပင်လေးတစ်ချောင်းက အဖော်မွန်လေးသာ။"မိုင် လူလေး
ရှိုး ပြန်လာတော့မယ်ထင်တယ် ""ဗျာ... ပြောသွားတော့ နောက်ကျမယ်ဆို
အခုမှ ၂ ချက်ထိုးရှိသေးတာ ""ခါတိုင်းဆို နေ့လည် ၁၂ ဆိုပြန်ရောက်ပြီ
ဒီနေ့နောက်ကျတာပဲ လူလေးရဲ့
ရှိုး ကမနက်တစ်ပိုင်းပဲအလုပ်လုပ်တယ် ""အာ အဲလိုလား
ဒါဆိုပြန်လာတော့မှာပေါ့ ""ထင်တာပဲ ခါတိုင်းနောက်ကျမယ်ဆိုရင်လည်း
၂ နာရီဆိုရောက်ပြီ ""......"
ဘာကြောင့်ရယ်မသိ ရင်ထဲစိုးထိတ်လှသည် ။
အလုပ်စစဝင်ချင်းနေ့ရက်လေးမှာ အမှားအယွင်း မရှိပဲအဆင်ပြေချင်မိသည် ။ စိတ်ကို တင်းတင်းထားရင်းဘကြီးအနားကိုတိုးကာ
ရပ်နေသည့်အခိုက် အိမ်တော်ကြီးဆီလာရာ လမ်းသွယ်ပေါ် ကားနက်ကြီးပြန်ဝင်လို့လာပြီ ။
အိမ်တံခါးရှေ့ပေါက်ဝရောက်သည်နှင့် စက်ကို အရှိန်သက်ရပ်ကာကားပေါ်မှဆင်းလာခဲ့သည့် သူ ။
တည်တံ့လွန်းပါသည် ။ အိမ်ထဲလှမ်းဝင်လာသည့်
ခြေလှမ်းကျဲကျဲတွေက အိမ်ထဲရှိသူအားလုံးကို
ကျော်လွန်ပြီး အပေါ်ထပ်ဆီကိုလှမ်းလို့သွားသည်။
သူအပေါ်ထပ်ဆီလုံးလုံးရောက်လို့သွားကာမှ
ဘကြီးစကားဆိုလေသည် ။"မိုင် လာ
သံပရာရည်သွားဖျော်ရမယ်
အလုပ်ကပြန်ရောက်တိုင်း အမြဲသောက်တတ်တဲ့
ရှိုးရဲ့အကျင့်တစ်ခုပဲ "" ဟုတ် "
ဘကြီးခေါ်ရာမီးဖိုခန်းဆီရောက်တော့
ဟင်းချက်တာဝန်ခံဒေါ်ဒေါ်ကြီး သံပုရာရည်ကို
ဖျော်ဖို့ရန်ခရီးဝက်တောင်ရောက်နေပြီကြောင့် အကြာကြီးမစောင့်ရတော့ပဲ ကြွေပန်းကန်လေးထဲ
ထည့်ပေးလာသည့်ဖျော်ရည်လေးတစ်ခွက်ကို
ရရှိပြီ ။