စာမျက်​နှာ ဆယ့်​​ခြောက်(စာမျက်နှာ ဆယ့်ခြောက်)

3.6K 515 34
                                    

ပိတ်​ရက်​မလို့တအိမ်​လုံးကလိုက်​ကာ​တွေကိုလိုက်​ဖြုတ်​ပြီး
Jiminတစ်​​ယောက်​​လျှော်​ဖို့လုပ်​သည်​။
အကိုက​တော့မ​နေ့ညကမိုးချုပ်​တဲ့အထိနိုင်​ငံခြားသားဧည့်​သည်​​တွေနဲ့​တွေ့ထားရ​တော့မနှိုးပဲထားလို​က်​သည်​။
အကိုကအခုတ​လောသူ့အ​ဖေကျန်းမာ​ရေးမ​ကောင်း​တော့
ကုမ္ပဏီနှစ်​ခုကိုတစ်​​ယောက်​တည်းဦးစီး​နေရတာနဲ့​တော်​​တော်​​လေးပင်​ပန်း​နေတာမလို့ Jiminကအကို့ကိုအများကြီး
ဂရုစိုက်​​ပေးရမယ်​။

သီချင်း​လေးငြီးရင်းနဲ့ဖြည်းဖြည်းချင်းအိမ်​သန့်​ရှင်း​ရေးလုပ်​​နေသည်​မှာနှစ်​နာရီ​လောက်​ကြာ​တော့ပြီးသွားပြီး
လိုက်​ကာ​တွေ​လျှော်​ဖို့သာကျန်​​တော့သည်​။
လိုက်​ကာ​တွေကိုဇလုံတစ်​ခုထဲစုထည့်​ကာဆပ်​ပြာစိမ်​လိုက်​သည်​။
ခြေ​ထောက်​​သေး​သေး​လေး​တွေနဲ့နင်း​လျှော်​​နေ​တော့ထင်​သ​လောက်​​ကြေး​တွေမထွက်​​....
အဲ့အချိန်မှာပဲနိုးလာပုံရတဲ့ကိုကိုက မျက်​နှာသစ်​ဖို့လာရင်း လိုက်​ကာ​တွေစိမ်​ထားတဲ့ဗုံးထဲကိုသူပါဝင်​လာသည်​။

"ဘယ်​များ​ရောက်​​နေတာလဲလို့ကွာ..."

တစ်​ကိုယ်​လုံးJiminကိုယ်​​ပေါ်ပစ်​မှီပြီး
တင်း​နေ​အောင်​ဖက်​ကာ နားသယ်​စပ်​နဲ့ပါးကိုတရှုံရှုံနမ်းသည်​။

"မျက်​နှာအရင်​သွားသစ်​စမ်းပါ ကိုကိုရာ"

မျက်​လုံး​တွေကJiminနှုတ်​ခမ်းဆီအကြည့်​​ဝေ့​တော့
မျက်​နှာသစ်​သွားတိုက်​အရင်​လုပ်​ဖို့ရာ​ပြောရသည်​။

"အို​ကေ အို​ကေ..."

သွားတိုက်​​နေရင်းနဲ့မှန်​ထဲက​နေJiminကိုစိုက်​ကြည့််​​နေတဲ့ကိုကို့ကို လှမ်းလှမ်းရယ်​ပြ​နေရင်းJiminမှာအလုပ်​​တွေရှုပ်​​နေသည်​။
မျက်နှာသစ်တာပြီးစီးသွားတဲ့ကိုကိုကေ​​ရချိုးခန်းထဲမှာထားတဲ့သဘက်​နဲ့ပဲမျက်​နှာသုတ်​ပြီးဇလုံထဲကိုပြန်​ဝင်​လာသည်​။

အဝတ်​ဝိုင်း​လျှော်​​ပေးတာ​တောင်​Jiminရဲ့ခါးကိုအမိအရဖတ်​ပြီးအသားယူ​နေတဲ့ကိုကိုကတကယ့်​လူဆိုး....။

ကိုကို့အူကွူး(ကိုကို့အူကြူး)Where stories live. Discover now