2💖

1.2K 78 0
                                    

.
Lili...မှတ်ပုံတင် လုပ်ရန်အတွက် Booking လုပ်ပြီး..
သူ့ရဲ့ အမှတ်စဉ်ကို ကြည့်လိုက်သည်။
.
{238}...
.
"238...ဆိုတော့ အချိန်အများကြီး ကျန်သေးတယ်...အခုမှ (53)ယောက်ဘဲ ..ရှိသေးတယ်..အပြင်ထွက်ပြီး...
ရေခဲမုန့် သွားဝယ်စားအုံးမယ်..."

Lili ဟာ တစ်ယောက်တည်းလည်း စကားပြောတတ်သည်။..
ဒီလိုပါဘဲ တစ်ယောက်တည်း
စကားတွေပြောပြီး..
ရေခဲမုန့် ဆိုင်ရှိရာသို  ဦးတည်လာလိုက်သည်။
.
"Unnie. .lili ကို ချောကလက် ရေခဲမုန့် တစ်ခွက် ပေးပါ.."

"ခနလေးနော်..ညီမလေး.."
.
"Nae. ..

ရေခဲမုန့်..မရသေးတာကြောင့် lili စားပွဲဝိုင်းတစ်ခုမှာ  ထိုင်စောင့်လိုက်သည်။...
.
ခနကြာတော့...

"နို့ရေခဲမုန့်🍧 ရပြီနော်...☺"
.
ဆိုင်ရှင်ရဲ့ အသံကြောင့်...
Lili  ဘေးဘီးဝဲယာကို ကြည့်လိုက်သည်။..ဆိုင်ထဲမှာ lili ကလွဲရင် ဘယ်သူမှမရှိ..။
.
💭မဟုတ်ဘူးလေ..ငါမှာတာ..ချောကလက်နဲ့ပါ..အခုက ဘယ်လိုဖြစ် နို့နဲ့ ဖြစ်ရတာလဲ..ဒီအစ်မ မှားသွားတာ ဖြစ်မယ်..မတတ်နိုင်ဘူးလေ နို့နဲ့လည်း စားမှာဘဲ..💭

Lili ထိုင်နေရာမှ ထလိုက်ပြီး ကောင်တာကို လျှောက်သွားကာ တင်ထားတဲ့ နို့ရေခဲမုန့်ကို ယူလိုက်သည်။

💭ဟာ!..မြေပဲမုန့်နံ့လေးက မွေးနေတာဘဲ ..💭

Lisa ရေခဲမုန့်စားရင် Fbက New feels လေးတွေကို လက်ညှိုးထိပ်လေးနဲ့ ပွတ်ဆွဲရင် စိတ်ဝင်တစား ကြည့်နေခိုက်..
.
"Unnie ..jen မှာထားတဲ့ နို့ရေခဲမုန့် မရသေးဘူးလားရှင့်..."

"ရပြီလေ..ဟင်!..ဘယ်ရောက်သွားပြီလဲ...ခုနက ဒီမှာဘဲ တင်ထားလိုက်တာ..."

ဆိုင်ရှင်ရဲ့အပြောကြောင့် jen လည်း ဆိုင်ထဲက ဝေ့ကြည့်လိုက်သည်။..
ရေခဲမုန့် ဇွန်းကို ပါးစပ်ထဲထည့်ပြီး..ဖုန်းကိုသာ အာရုံစိုက်နေတဲ့..
ကောင်မလေး တစ်ယောက်ကို..တွေ့လိုက်ရတော့...
.
Jen သူ့အနားပို လျှောက်သွားပြီး
.

"ဒီမှာရှင့်...

"....."

"ဘုတ်!💥...ဒီမှာ...

Jen ခေါ်နေတာ ဂရုမစိုက်ဘဲ..ဖုန်းကိုသာ အသဲအသန်ကြည့်နေတဲ့ ထိုမိန်းကလေးကြောင့် စားပွဲခုံကို အားရပါးရ ရိုက်ချလိုက်သည်။

ချစ်လို့..JenLisa Where stories live. Discover now