Part-53💖🌟

234 18 12
                                    

တစ်ကြိမ်နှစ်ကြိမ် ရွာသွန်းပြီးပြီဖြစ်သောမိုးစက်တို့က..မိုးဦးရာသီလာတော့မည်ဟု..ကြေငြာချက်ပြုနေသည်...။
စိုစွတ်စွတ်မြေသင်းရနံက တမူထူးခြားစွာထွက်ပေါ်နေ၏..။ရေစက်လေးတို့ အနည်းငယ်တွဲခိုနေသော သစ်ရွက်တို့က..စိမ်းစိုစွာဝေဖြာရတော့မည့်အဖြစ်ကိုတွေးရင်း ပျော်ရွှင်နေကြပုံ...။မိုးဦး၏အငွေ့အသက်က လွမ်းစွတ်စရာလေးတွေအား...ခံစားချက်တွေထဲသို့ ရောယှက်စေပြီ.....။

အခန်းပြတင်းဝဆီငေးကြည့်ရင်း...ကြည်လင်နေသောကောင်းကင်ကြီးအား...မရွှင်မပြဖြင့်ကြည့်နေသူကတော့...
ဟန်ဇင်ခ.....။
မျက်လုံးဝိုင်းလေးဖြင့်...ဟန်ဇင်ခကိုချောင်းကြည့်ရင်း လင်းရောင်ခ ဝင်လာသည်....

"ကိုကြီး...ဘာလုပ်.."

ပြုံးစိစိဖြင့် ဟန်ဇင်ခဘေးတွင်ဝင်ထိုင်ကာပြောသော်လည်း...စိတ်မပါသည့်အပြုံးဖြင့် ဟန်ဇင်ခပြန်ပြောလာသည်...

"ဘာမှမလုပ်ပါဘူး..."

မကြာခင်..မဒီနွယ်တို့ရောက်လာတော့မည်ဖြစ်၍...ဟန်ဇင်ခ စိတ်မကြည်ဖြစ်နေမှန်း...လင်းရောင်ခရိပ်မိသည်...။သို့သော်လည်း...အဖေဖြစ်သူ၏စကားတွေအား...ဝင်စွတ်ဖက်ပိုင်ခွင့်မရှိသည့်သူ့အတွက်...ဟန်ဇင်ခကိုနှစ်သိမ့်ရုံမှလွဲပြီး တစ်ခြားမရှိ...

"ကိုကြီး..စိတ်မညစ်ပါနဲ့...သားကိုကြီးမျက်နှာက ပြုံးပြုံးလေးနေရင် အရမ်း...အရမ်းကိုချောတာ...သိလား.."

ဟန်ဇင်ခ ခပ်ဟဟပြုံးလိုက်ပြီး...လင်းရောင်ခ၏ဆံပင်လေးတွေကိုဖွလိုက်ရင်း....

"ဟုတ်လား...ဒါဆို..ကစ်ကလည်း ကိုကြီးကိုပျော်အောင်လုပ်ပေးပေါ့.."

"အမယ်...ကစ်ပျော်နေတာမြင်ရုံနဲ့...ဟောဒီကချစ်ကိုကြီးက ပျော်မှာပါလို့ ပြောနေကြလေ...ဟုတ်ဘူးလား.."

"အဟား...ဟုတ်ပါပြီကွာ..ကစ်ပဲပျော်ပါ.."

လင်းရောင်ခ သွားလေးတွေအကုန်ပေါ်လောက်အောင်ရယ်ပြလိုက်ပြီး...ဟန်ဇင်ခအား...အားရပါးရဖက်နမ်းကာ...

"အူ...မွ...ချစ်ကိုကြီး..သားချစ်ဆုံးကြီး..ဘာမှစိတ်မညစ်နဲ့...အဆင်ပြေသွားမှာ...နော်.."

⚠BECAUSE...⁉   {U+Z} (Completed)Onde histórias criam vida. Descubra agora