🎈အတိတ် 🎈 One Short💗
ကျောင်းလေးတစ်ကျောင်းရဲ့သစ်ပင်တစ်ပင်အောက်ကထိုင်ခုံပေါ်မှာဆရာတစ်ယောက်ထိုင်နေလေသည်။
Boun: ငါမင်းကိုအရမ်းလွမ်းတယ်Prem မင်းရောခုဆိုဘယ်ဆီတွေများရောက်နေပီလဲကွာ
လူတိုင်းလူတိုင်းမှာအတိတ်ကိုယ်စီရှိကြစမြဲဘဲလေ။ကောင်းတဲ့အတိတ်နဲ့မကောင်းတဲ့အတိတ်ဆိုပီးတော့ပေါ့။Bounရဲ့အတိတ်ကတော့နောင်တတွေနဲ့ပြည့်နှက်နေတော့တယ်။
💒💒💒💒💒💒💒💒💒💒💒💒💒💒💒💒
လွန်ခဲ့သော (၈)နှစ်ခန့်ကPremကBounနဲ့အိမ်နီးနားချင်းတွေပါ။ကျောင်းသွားလဲအတူတူကျောင်းပြန်လဲအတူတူပေါ့။PremကBounကိုအမြဲသည်းခံတယ်။BounကလဲPremကိုအရမ်းခင်တွယ်ကြတယ်လေ။
သူတို့တစ်ယောက်နဲ့တစ်ယောက်မျက်လုံးချင်းခဏခဏစကားတွေပြောတတ်ကြတယ်။PremကသူBounကိုချစ်တာကိုသိပေမယ့် Boun ကတော့သူ့ကိုယ်သူမသေချာသေးပါ။သူယောက်ကျားလေးတစ်ယောက်ကိုတကယ်ချစ်ပါ့မလားဆိုတဲ့စိတ်ကသူ့ကိုစိုးမိုးနေတယ်လေ။
တစ်နေ့မှာBoun Premတို့အိမ်ကိုသွားတော့သူ့မိဘတွေမရှိကြဘဲPremတစ်ယောက်ထဲအိမ်မှာရှိလေသည်။
Boun: Premအိမ်မှာဘယ်သူ့မှမရှိကြဘူးလား
Prem: မရှိဘူးကွ အဖေနဲ့အမေကသူတို့သူငယ်ချင်းအိမ်သွားကြတယ်
Boun: အော် ဟုတ်လား အဲ့တာဆိုမင်းနဲ့ငါအပြင်သွားကြရအောင်
Prem: သွားလို့မရဘူးကွ ငါ့ကိုအိမ်စောင့်ခိုင်းထားတာ
Boun: ဟွန်း ပျင်းလို့သူ့ကိုလာခေါ်ပါတယ်ဆိုမှ
Prem: ပျင်းရင်မင်းနဲ့ငါနဲ့ဆော့မယ်လေ
Boun: ဘာလုပ်တိုင်းဆော့မှာလဲ
Premခဏစဉ်းစားလိုက်ပီး Bounရဲ့လက်ထဲကဖုန်းကိုဆွဲလုလိုက်လေသည်။
Boun: ဟာ ဘာလုပျတာလဲဟ
Prem: မင်းရအောင်ပြန်လုလေ
BounလဲPremလက်ထဲကသူ့ဖုန်းကိုပြန်လုရင်းနဲ့Premကဆိုဖာပေါ်ကိုကျသွားပီးသူပါPremအပေါ်ထပ်ကျသွားလေသည်။