VVIP❣️သတင်းတော့ထပ်ကြားပါတယ် ဘဲကြီးဆေးရုံကဆင်းပြီတဲ့လေ။
သစ်ကူးကတော့ ဘာလုပ်နေလဲဆို အင်း အရင်လို Showပွဲတွေပြန်လက်ခံဖြစ်နေတာပါပဲ။"အကိုလေး"
ငြိမ်ကုတ်ပြီးထိုင်နေတဲ့ ကိုဇွဲကိုက မရဲတရဲခေါ်သည်။
သူ့အပြစ်နှင့်သူမို့ ကြောက်နေရတာ။"အဟမ်း ခင်ဗျားဘာကိစ္စလာတွေ့တယ်ဆိုတာ
ဝေယံပြောလို့ကျနော်သိပြီးပြီ""ဟုတ် အကိုလေး ဟီး……အဲ့ဒါကျနော့်အပြစ်ပါ
ကျနော်အကြံပေးလို့ Bossက လုပ်ဖြစ်သွားတာ""အဲ့အကြံ ခင်ဗျားရောမလုပ်ကြည့်ဘူးလား"
"အာ ကျနော်လုပ်ရင် အသေးလေးက စိတ်ဆိုးမှာဗျ"
"အော်……အဲ့ဒါတော့ခင်ဗျားသိသားပဲ
ကျနော်ကတော့ စိတ်ဆိုးတာမဟုတ်ဘူးဗျ
စိတ်တိုတာ ခင်ဗျားရော ခင်ဗျားBossရော
နှစ်ယောက်လုံးကို ကိုင်စောင့်ပစ်ချင်တာ""ဟုတ် အကိုလေးအပြစ်ပေးမယ်ဆို ကျနော်ခံပါ့မယ်
Bossကိုတော့ ပြန်လက်ခံပေးလိုက်ပါ""တခြားတစ်ယောက်နဲ့တွဲပြရင်
သဝန်တို့ပြီး ပြန်လာမယ်ထင်ရအောင်
ကျနော်ကအဲ့လောက်လင်ငတ်မယ်ထင်လို့လား
ခင်ဗျားတို့နှစ်ယောက် တကယ်စောက်ပေါပဲ""ဟုတ် ကျနော်အတွေးခေါင်သွားတယ်အကိုလေး"
"ကျနော်ကတော့ ခင်ဗျားBossနဲ့ဖြစ်တဲ့ပြသနာမှာ
ကျနော်မှားတာမရှိလို့ မတောင်းပန်နိုင်ဘူး
ဘာမှမသိဘဲ အူတိုအပြစ်မြင်ဖို့သိတဲ့ ခင်ဗျားBossကိုပဲ
တောင်းပန်ခိုင်း ဒါတောင် ကျနော်ခွင့်လွှတ်ချင်မှခွင့်လွှတ်မှာနော်""ဟုတ်အကိုလေး Bossလဲ အကိုလေးကိုချော့ချင်နေပါတယ်
အကိုလေးအတွေ့မခံမှာဆိုးတာကြောင့် လိုက်မလာခဲ့တာ""ချော့ခံရအောင် ကျနော်ကမိန်းကလေးမဟုတ်ဘူး
စိတ်ဆိုးစိတ်ကောက်နေတာမဟုတ်လို့ ချော့စရာလဲမလိုဘူး
ကျနော်ဒေါသဖြစ်တာ အဲ့ဒါကြောင့် ဒေါသပြေအောင်ပဲ ဖြေရှင်းရမှာ
နေစမ်းပါအုံး ကျနော်အတွေ့မခံမှာစိုးလို့ မလိုက်လာဘူးပြောရအောင် ခင်ဗျားBossက ဘယ်တုန်းကများ ကျနော့်အိမ်ကိုခွင့်တောင်းပြီးမှလာဘူးလို့လဲ သောက်ပိုတွေ"