ခွဲခွာပြီးနောက်၊
နေ့ရက်တွေဟာရှောင်းကျန့်အတွက်အဓိပ္ပါယ်မဲ့လှသည်။
အတူရှိဖူးသည့်အိမ်ကလေးကထွက်လာပြီးသည့်နောက်(ကလေးတွေကျောင်းပိတ်ချိန်နှင့်လည်းတိုက်ဆိုင်သဖြင့်)ကျန်းချန်တာ၀န်ကျရာတောင်ပေါ်မြို့လေးကိုစိတ်ပြေလက်ပျောက်ခရီးထွက်လိုက်သေးသည် ။ပန်းချီတွေဆွဲ၊ပန်းပင်တွေလေ့လာရင်း၊
သုံးလဆိုသည့်အချိန်ကိုဖြတ်သန်းရသည်။
ပျော်ေပျာ်နေတတ်သောကျန်းချန်ကသူပျော်အောင်ဓါတ်ပုံတွေရိုက်ပေးလိုက်၊စနောက်လိုက်၊Postတွေတင်လိုက်နှင့်သူပျော်အောင်ထားရှာသည်။
သို့သော်
အေးချမ်းလှသည့်ရာသီဥတုနှင့်ကြည်နူးစရာမြင်ကွင်းများကသူ့ရင်ထဲကအလွမ်းကိုတော့ဖြင့်မကုစားနိုင်ပါ။
"သောက်ရူး..အဲ့လောက်ချစ်နေရင်လည်းဖွင့်ပြောပြီးအနားမှာကုတ်ကပ်နေပေါ့...
မင်းမကွဲပေးရင်ဘာတတ်နိုင်မှာလဲသူတို့..
ခုတော့အချစ်သူရဲကောင်းကြီးလုပ်ပြီးမှ
လဒမှိုင်၊လာမှိုင်မနေနဲ့
..ငါဆဲရရင်မကောင်းရှိမယ်"
ကျန်းချန်၏နူးညံ့ညင်သာလှသောအားပေးသံတို့ကြောင့်သူပြုံးမိသည်။
"ငါကြောင့်ကလေးကိုစိတ်နည်းနည်းေလးမှမညစ်စေချင်ဘူးကွာ"
"အေးငါကလည်းမင်းရဲ့ေသမလို
မျက်ခွက်ကြီးကိုနည်းနည်းမှမမြင်ချင်ဘူး""အိုက်ယားးကျန်းချန်ရာ
သုံးလပဲရှိသေးတယ်လေကွာ..ငါနေသားကျသွားမှာပါ...
ပြီးတော့ငါလည်းပြန်တော့မှာပူမနေနဲ့...မင်းမြင်ချင်တောင်မမြင်ရဘူး"ကျန်းချန်ကိုသူပြောခဲ့သည့်စကားတွေမှားခဲ့မှန်းနောက်မှသူကိုယ်တိုင်သိရသည်။တစ်နှစ်နီးပါးကြာခဲ့သည့်တိုင်သူ့စိတ်တွေအနည်မထိုင်ခဲ့။၆လကျော်သည်အထိက၊(သတိလက်လွတ်)ထမင်းဟင်းတွေနှစ်ယောက်စာချက်မိနေသလို၊
တရေးနိုးချိန်တိုင်းအသက်ရှုသံတိုးတိုးမှန်မှန်လေးရှုတတ်သော၊
ရင်ဘတ်ပေါ်လက်ကလေးတင်အိပ်တတ်သောအရိပ်ကလေးတခုကိုလိုက်ရှာမိမြဲ။
နေနိုင်သူကြီးကတော့သူ့ကိုဖုန်းလေးပင်မဆက်ခဲ့ပါ။
တခါတခါလူမှုကွန်ရက်မှာ
သူတင်တတ်သည့်ပန်းချီကားပုံေလးတွေနှင့်ကဗျာစာသားအချို့ကိုေတာ့ကြိုက်နှစ်သက်ကြောင်းအမှတ်အသားပြုသွားတတ်သည်။
အခုချိန်ထိ မိန်မိန်နဲ့လက်မထပ်ရသေးကြောင်း၊အရင်အိမ်လေးမှာမနေတော့ကြောင်း၊
လုပ်ငန်းရုံးချုပ်ကိုပင်တခြားမြို့ကြီးသို့ရွှေ့သွားကြောင်းကိုလည်းတစွန်းတစကြားရသည်။
လုပ်ငန်းတွေလည်းအဆင်ပြေသလို၊လူလွတ်ဖြစ်သွားေသာသူဌေးကလေးကိုလိုချင်သူတွေကဝိုင်းဝိုင်းလည်၍နေကြောင်းကလည်းမပါမဖြစ်။