တနေ့နေ့တချိန်ချိန်တနေရာရာမှာ

25 3 5
                                    

ခင်များတို့တွေ မြင်မြင်ချင်းအချစ်ဆိုတာကို ယုံလား
ကျွနိတော်ကတော့ ယုံတယ်
ကျွန်တော့်နာမည်က ကျင်းသာလန် နတ်ဓားဝိညာဉ်ပေါ့
ကျွန်တော့်ပိုင်ရှင်က မွေးဖွားမလာသေးဘူးလေ
ကျွန်တော်က အသွင်သုံးမျိုး ဖန်တီးလို့ ရတယ်
နတ်လက်နက်ဝိညာဉ်တွေရဲ့ အားသာချက်​ပေါ့
ဒီနေ့ ကျွန်တော့်ကို ဆရာက နားရက်ပေးတယ် ဆိုတော့ ကျွန်တော်က လူအသွင်ယူပြီး ကောင်းကင်ဘုံကနေ
ဆင်းလာတာပေါ့
ကျွန်တော် ဈေးထဲမှာ လျှောက်ပတ်ကြည့်နေတုန်း ကျွန်တော့်မျက်လုံးထဲ ဝင်လာတာက ကောင်လေးတယောက်
သူချောတာက မိန်းကလေးတွေထက် အဆပေါင်းများစွာ သာတယ်
ကျွန်တော်သူ့ကို သွားမိတ်ဆက်လိုက်တော့ သူ့နာမည်က ချန်းဟုံခဲတဲ့ သူ့ကိုကျွန်တော် မြင်မြင်ချင်း ချစ်မိသွားတယ်
ဒါပေမဲ့ ဘယ်လောက်ချစ်ချစ် ဒီတညပြီးရင် ကျွန်တော်တို့နှစ်ယောက် ထပ်တွေ့ဖြစ်မယ် မထင်မိဘူးလေ
ပြီးတော့ သူက လူသားတယောက် နတ်ဝိညာဉ်တခုက မသေနိုင်ပေမဲ့ သူကတော့ ကြာရင် သေသွားမှာ
ဘယ်လောက်ချစ်ချစ် ဆွဲထားလို့ မရဘူးလေ
သူက နတ်သားတပါးလို ချောတယ်
ကောင်းကင်နန်းတော်က ဇာမဏီနတ်ဘုရားနဲ့ နဂါးနတ်ဘုရား
ချောတာတောင် သူ့ကို မမှီဘူးလို့် တွေးမိတယ်
သူက နွယ်တပင်လိုပဲ သူများရဲ့ နှလုံးသားကို ရစ်သီသွားခဲ့တယ်
ချန်းဟုံခဲPov
ကောက အရမ်းချောတယ် ကျွန်တော်မြင်မြင်ချင်းအချစ်ဆိုတာကို ကောနဲ့တွေ့မှပဲ ယုံတော့တယ်
ကောက လူသားတယောက် ကျွန်တော်က ကြာပွတ်ဝိညာဉ်
မဖြစ်နိုင်တဲ့ အရာနှစ်ခုကို ကျွန်တော် မပေါင်းစပ်ပါရစေနဲ့
တဖက်သတ်အချစ်တဲ့ ကောသိလား
ကျွန်တော်လည်း ဇာမဏီနတ်ဘုရားနဲ့ နဂါးနတ်ဘုရားလို
ချစ်ခွင့်ရချင်တာပေါ့
ဒါပေမဲ့ ကောက ကျွန်တော့်ကို မချစ်ပါဘူး
ဒီလို ချောမောပုံမျိုးနဲ့ ကောဘေးမှာ မိန်းမတယောက်ဆိုတာ မရှားပါဘူး ကောရယ် သိလား
တခါတလေကျ ကံကြမ္မာနတ်မင်းကို စိတ်ဆိုးချင်မိတယ်
သူကျ သူချစ်တဲ့ သူနဲ့ အကြောင်းပါရပြီး ကျွန်တော်တို့ကျ
လှည့်စားထားပြန်တယ်
ဖူးစာရေးနတ်ရေ ကျွန်တော် ခများတို့လင်လင်နှစ်ယောက်ကိုပဲ
အပြစ်တင်လိုက်ပါ့မယ်
ချစ်ရတာ တကယ်မလွယ်ပါဘူး

You've reached the end of published parts.

⏰ Last updated: Aug 18, 2020 ⏰

Add this story to your Library to get notified about new parts!

တနေ့နေ့ တချိန်ချိန် တနေရာရာမှာ...... Where stories live. Discover now