#Unicode
ကိုယ်ရေးဖွဲ့တဲ့မင်းအကြောင်းတွေကို
လိပ်စာတပ်လို့ ပေးပို့လိုက်တယ်
ဟိုး..........အဝေးက
မင်းချစ်သူရှိရာဆီ။
----------------------
သို့ ............
ခင်မင်ရတဲ့ အမ်မလီရေ။
မတွေ့ရတာနှစ်ချီနေပြီနော်။ အမ်မလီ ကျန်းကျန်းမာမာနဲ့ရှိနေမယ်ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်။
မိုးရေစက်တွေကိုသဘောကျတဲ့ မိုးရာသီမှာ လူ့လောကထဲကိုရောက်ရှိလာတဲ့ ကျွန်တော်တစ်ဖက်သက်ချစ်မြတ်နိုးမိနေတဲ့ မင်းရဲ့ချစ်သူရော နေကောင်းရဲ့လားဆိုတာကို ကျွန်တော်သိပ်သိချင်မိပါတယ်။
အံ့သြသွားသလား အမ်မလီ။ ဟုတ်ပါတယ်။ မျက်နှာပူပူနဲ့ မရှက်တမ်းဝန်ခံရရင်တော့ဖြင့် မင်းရဲ့ချစ်သူကို ကျွန်တော်သဘောကျနေမိပါတယ်။ ဘာလို့အခုမှ ဒီစကားတွေလာပြောနေရလဲလို့ အမ်မလီမေးရင်တော့ ကျွန်တော့်မှာ ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုရှိလို့ပါ။
အို....ဒါဆိုလည်း LOEY ဆီကိုစာရေးလိုက်လေ ဘာလို့တို့ဆီစာပို့နေရလဲလို့ အမ်မလီတွေးနေမယ် ဆိုတာကိုလည်းကျွန်တော်ခန့်မှန်းမိပါတယ်။ အမ်မလီလည်းသိတဲ့အတိုင်း ကျွန်တော်က တခြားလူရဲ့စိတ်ခံစားချက်တွေကို ခန့်မှန်းတဲ့နေရာမှာ တော်တယ်လေ။ ကျွန်တော်ကဘာလို့ LOEY ဆီတိုက်ရိုက်စာမပို့ဘဲ အမ်မလီ့ဆီကို ပို့ရလည်းဆိုတာကို ဒီစာရဲ့အဆုံးမှာ အမ်မလီသိရပါလိမ့်မယ်။
ဒါကြောင့် ကျေးဇူးပြုပြီး စာကိုကျော်မဖတ်လိုက်ပါနဲ့ အမ်မလီရေ။
ကျွန်တော်ဒီစာကို အပိုင်းငါးပိုင်းခွဲထားတယ်။ စာလေးတစ်စောင်ရေးဖို့အရေး KRIS တို့ကတော့ဇာချဲ့ပြန်ပြီလို့တွေးပြီး အမ်မလီရယ်နေပြီမလား။
ရယ်ပါ။ အမ်မလီရယ်ရင် သိပ်လှတယ်လို့ မင်းချစ်သူကကျွန်တော့်ကို ခဏခဏပြောဖူးတယ်။ ဒီတော့ မင်းရဲ့ချစ်သူရှေ့မှာ မကြာခဏဆိုသလို ရယ်နေပေးပါ အမ်မလီရေ။ အမ်မလီရယ်နေရင် အမ်မလီ့ရဲ့ကောင်လေးက သဘောကျတယ်လေ။