Description

25.4K 1K 8
                                    

" လူကြီးလူကောင်းများအတွက် ဖန်းအဖွဲ့အစည်း " ဒီအဖွဲ့အစည်းကတော့ ရှင်းတော်ဝင်နိုင်ငံတော် ကြီးထဲမှာရှိသည့် လိင်တူနှစ်သက်သူအမျိုးသားများ
အတွက် လျှို့ဝှက်ပြီးဖွဲ့စည်းထားတဲ့ သီးသန့်ကလပ် တခုဖြစ်သည် ။ ထိုအဖွဲ့ကြီး၏၀န်ဆောင်မှုကတော့ အဖွဲ့ဝင်တွေကို သူတို့အတွက် ရာသက်ပန် မိတ်ဖက်ရှာဖွေရန်ပြုလုပ်ပေးခြင်းဖြစ်သည် ။
လစဉ်ကြေး ငွေပြား၅၀ ပေးဆောင်ရပြီးလျှင် အဖွဲ့ဝင်များကသူတို့၏ပုံတူ ၊ ပို့ဆောင်ရမည့် စာတိုက်လိပ်စာ ၊ သူတို့အသက်နှင့် ၀ါသနာ အပြင် အခြားကိုယ်တိုင်မိတ်ဆက်လိုသည့်မိမိအကြောင်းအရာ
ကိုပါပေးထားရသည် ။ အသင်းဝင်များအားလုံးသည် အသင်းမှထုတ်ဝေသည့် လစဉ်ထုတ်စာစောင် တစောင်ကိုလတိုင်းလက်ခံရရှိမည်ဖြစ်ပြီး စာစောင်မှာပါဝင်သည့်သတင်းအချက်အလက်များကို
အသုံးပြု၍တယောက်နှင့်တယောက်ဆက်သွယ်နိုင်
မည်ဖြစ်သည် ။

ဝူရှင်းကျီ သူကတော့မကြာခင်အချိန်မှာ လေးထိပ်စီးပြောင်းတော့မည့် ချင်းချန်ခရိုင်မှ တရားရေးအကြံပေးအရာရှိတယောက်ဖြစ်သည် ။ ချင်းချန်ခရိုင်တည်နေရာကတော့ အရင်းအမြစ် ရှားပါးသည့်နေရာတနေရာဖြစ်ပြီး အရှင်းလင်းဆုံး ပြောရလျှင် ဆင်းရဲနုံချာတဲ့ခရိုင်လေးတခုသာ ။ ရှင်းတော်ဝင်နိုင်ငံတော်ထဲမှာရှိသည့် အခြားခရိုင် များနှင့်နှိုင်းယှဉ်ရမည်ဆိုရင် လွန်ခဲ့သည့်နှစ်ပေါင်း၂၀၀ အတွင်းအောက်ဆုံးအဆင့်ကနေမတက်နိုင်ခဲ့သည့်
နေရာတခုဖြစ်ပေသည် ။

ဝူရှင်းကျီက သူ့ဘ၀ကြီးဟာ ဘာမျှော်လင့်ချက်မှ မရှိသလိုမျိုးခံစားနေရသည် ။ သူကလိင်တူချင်း သဘောကျသူဖြစ်ရုံသာမက လူပျိုစစ်စစ်လဲ ဖြစ်နေပြန်သေးသည် ။ သူ့ရဲ့ပင်စင်လစာငွေကို ကြည့်လိုက်ပြန်တော့လဲ တကယ်ကိုမဖြစ်စလောက် လေးသာ ။ အဲ့ထက်ပိုဆိုးတာကိုပြောရမယ်ဆိုရင်တော့ သူ့ရုပ်သွင်ကိုမေ့ထားလို့မရပြန်ပေ ။

ဒီအကြောင်းတွေကြောင့် ၀ူရှင်းကျီတယောက် သူ သေသွားရင်တောင်ကောင်းမည်လို့ခံစားနေရလေသည် ။ ဒါကြောင့် ၀ူရှင်းကျီက သူ့အသက်လေးဆယ်ပြည့် မွေးနေ့မှာ သူ့ကိုယ်သူသတ်သေဖို့ဆုံးဖြတ်ချက် ချလိုက်လေသည် ။ သို့ပေသော်လည်း သူ လူပျိုစစ်စစ်ဘ၀နဲ့တော့မသေချင်ပြန်ပေ ။
ဒါကြောင့် သူအံကိုတင်းတင်းကြိတ်ပြီးတော့
" လူကြီးလူကောင်းများအတွက် ဖန်းအဖွဲ့အစည်း "
အဖွဲ့အစည်းထဲကိုဝင်ရန်လုပ်လိုက်ပြီးမကြာမီမှာပင် လက်ခံကြောင်းပြန်စာရရှိခဲ့သည် ။
ငွေပြား၅၀ဟာ သူ့အတွက်ဆယ်ရက်စာ အသုံးစရိတ်နဲ့ညီမျှသည့်အတွက် ပေးဆောင်လိုက်ရတာ နာကြင်သလိုခံစားလိုက်ရပေမယ့်လို့ ဒီတကြိမ် ပေးဆပ်လိုက်ပြီး သူ့ဘ၀မှာ ပထမဆုံးကြိုးစားချက် အောင်မြင်ရင်တန်ပါတယ်လို့မှတ်ယူလိုက်တော့သည် ။

မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် )Where stories live. Discover now