Angelအစစ်မဖြစ်နိုင်ရင်တောင်
Angelယောင်ဆောင်တဲ့ Devilတစ်ယောက်
အဖြစ်နဲ့ ကျေနပ်ပါတယ်.....
...................................................................Grade 5 (A)
"ဆက်... မင်းအတွက် မာမီလေးက ပုစွန်ထုပ်ဟင်း
ထည့်ပေးလိုက်တယ် တူတူစားရအောင်နော်...""မစားဘူး မသထာရေစာ စားရင် အစာနင်တတ်တယ်တဲ့ အဟက်
သက်လေ ငါနဲ့ကင်းအောင်နေ မသိသလိုနေပေးပါ
မင်းလို သိပ်ဖြူစင်တဲ့ လူတိုင်းရဲ့အချစ်တော်မင်းသားလေးကို ငါကတော့ သိပ်မုန်းတာမို့မမြင်ချင်လောက်အောင် မုန်းတာမို့ ငါ့ကို ဝိဥာည်တစ်ကောင်လိုသတ်မှတ်ပြီး မသိချင်ယောင်ဆောင်ပေးပါ
ကျေးဇူးပြုပြီး....."မုန်းတယ် သိပ်မုန်းတယ်
အမွှာညီအစ်ကိုချင်းအတူတူ
လူတိုင်းကချစ်တဲ့ သက်လေကိုမုန်းတယ်
ဖြူစင်လွန်းတဲ့ သူ့အပြုံးတွေကိုလည်းမုန်းတယ်
အရာရာ အလျော့ပေးတာကိုလဲ မုန်းတယ်
နောက်ဆုံး မင်းက ငါ့ညီဖြစ်နေတာကိုလည်း
မုန်းတယ် သက်လေဝန်းရံတင့်.....ထမင်းစားကျောင်းဆင်းချိန်.....
'ဗိုက်ဆာလိုက်တာ ထမင်းချိုင်ယူမလာခဲ့ရတာ မှားတာပဲ'
မနက်က ကိုဂျွန်ဝယ်ကျွေးသော မုန့်သာ စားရသည်မို့
ဆက်တစ်ယောက် ဗိုက်ဆာနေသည်။ အခန်းဆောင်ရှေ့က ဗန်ဒါပင်လေးအောက်က အုတ်ခုံလေးမှာ ကိုဂျွန့်ကို စောင့်နေမိသည်။"ပြွတ်"
"သက်လေရယ် ကိုကို့မှာ ရှာလိုက်ရတာ
ထမင်းစားချိန်ကြီးကို ထမင်းမစားဘဲ ဘာလုပ်နေတာလဲ
မာမီလေးကို ပြန်တိုင်မှာနော် ထမင်းမစားဘူးလို့...."တည်ကြည်လွန်းတဲ့ မျက်ဝန်းတွေ ၊ဖြောင့်စင်းတဲ့နှာတံ၊
အနားသတ်ထားတဲ့ ကကြီးပုံနှုတ်ခမ်းထူထူက
ဆက်ရဲ့ ပါးပြင်နုနုကို နက်ရှိုင်းစွာ တံဆိပ်ခတ်လိုက်သည့် တစ်ခဏ အသက်ရှုဖို့ခက်ခဲသွားရတဲ့ ဆက်သူ့မျက်ဝန်းတွေကို သေချာစိုက်ကြည်ရင်း ဆွံအနေခဲ့ပါသည်။
"ဟင်
မင်း.. သက်လေ မဟုတ်ဘူး...""ကျွန်တော်က သက်လေပါလို့ ပြောခဲ့လို့လား"
YOU ARE READING
မောင့်ရဲ့ ငှက်ငယ်
Fanfictionပျံသန်းလိုက်ပါ ငှက်ငယ် အမြင့်ဆုံးကို မောင်က မင်းအတွက်သန်မာလှပတဲ့ တောင်ပံလေးတွေ ဖန်တီးပေးမှာမို့ သွင်ဘုန်း ဆက် အမြင့်တွေကို သိပ်ကြောက်တယ်...မောင် ဒါပေမဲ့ မော်ကြည့်ခံရတဲ့ ခံစားချက်ကိုတော့ သိပ်ကြိုက်တယ်... ...