ပန်းဖိနပ် ငယ်

52 9 0
                                    

အဲဒီ နေ့ က နေသာနေခဲ့တယ် အ မောင်။

နောက်ကျောဘက်က ဖွက်ယူလာတဲ့
ပန်းဖိနပ်က လေးကို ထုတ်ပြတဲ့အချိန်
ပျော်လွန်းလို့  ထခုန်မိမတတ်ပဲ ။

''ချစ်တယ် ''လို့ ပြောတဲ့စကားသံက
တိုးလျ နေ ပေမယ့်  အားအင်အပြည့် နဲ့
ပြောတယ်ဆိုတာ ခံစားမိပါရဲ့ ။

နီရဲတက်လာတဲ့ အ မောင့် နားရွက်ဖျားလေးတွေက  ရှက်နေတယ် ဆို တာ
ဘာသာပြန်တတ်ခဲ့လို့ 
ချစ်တဲ့စိတ်နဲ့ ခပ်တိုးတိုး ရယ်ခဲ့မိသေးတယ် ။

ရှက်နေတဲ့ အ မောင့် ကို စချင်စိတ်နဲ့
ပန်းဖိနပ်ကို ပြန်ထိုးပေးရင်း
''ဖိနပ် ပေးတာ ဒီလို စကားပြောဖို့ လား''လို့ 
မေးမိတော့  အမောင့် မျက်နှာဟာ
ရွာချတော့ မယ့်  မိုးတိမ်တိုက်လို
မဲမှောင်သွားခဲ့တာပေါ့ ။

ကြေကွဲ ရိပ် ထင် နေတဲ့ အ မောင့် မျက်ဝန်းတွေ ကြောင့် ငါ ဆက်ဟန်မ ဆောင်တော့ တာ
ငါပဲ သိခဲ့ပါတယ် ။
ခေါင်းငိုက်စိုက် ကျသွားတဲ့ လူငယ်လေးကို
မကြည့် ရက်နိုင်တာလည်း
ဒီလူ့ ရဲ့ မေတ္တာ တစ်စိတ် တပိုင်းရယ်ပါ ။

''အ မောင့် စိတ်ကို လက်ခံပြီး ဒီဖိနပ်လေးကို
အခုပဲ စီးမယ်'' လို့  ပြောလိုက်မိတဲ့အချိန်
အ ရောင်ပြောင်းသွားတဲ့ မျက်ဝန်းတွေက
ငါ တွေ့ဖူးခဲ့မျှထဲမှာ အလှဆုံးပါပဲ ။
ပြီးတော့  အဲ့နှုတ်ခမ်းပေါ်က အပြုံးတွေက
သိပ်အေးချမ်းတာပဲ။

ယောကျာ်းလေးတန်မဲ့ မျက်ရည်တွေ
ဝေ့သီနေခဲ့ လို့   အမောင့် ကို
လှောင်ရင်း အော်ရယ်ခဲ့ရ သေးတယ် ။

ဒါပေမယ့်  နောင်တစ်ချိန်မှာ
မျက်ရည် ဝေရမယ့်  လူ က
ငါ ပဲ ဖြစ်မယ် ဆိုတာ သိခဲ့ရင်
အဲ့ဒီနေ့  က အော် မရယ် ပဲ
နေမိမလား အ မောင်။

ဖိနပ် လှလှ လေးတွေက
နေရာကောင်းကို ခေါ်သွားပေးတယ် လို့ 
အ မောင် ပြောခဲ့တယ်နော် ။
ချစ်သူတွေကြားမှာပေးတဲ့ ဖိနပ် လေးရဲ့
အဓိပ္ပါယ်ဟာ အ ဝေးကို ပြေးထွက်ခြင်းဆိုတာသာ သိခဲ့ ရင်
အဲ့ဒီနေ့ က  ပန်းဖိနပ်လေးကို
အ ဝေးဆုံးကို လွှင့် ပစ်ခဲ့မိမှာပါ ။

တစ်ခါတလေ မှာ မိုးနတ်မင်းက လှည့် စားတတ်တယ် အ မောင်  ။
ကိုယ့် ဆီကို အလှပဆုံး လက်ဆောင်ပေးပြီး
အရက်စက်ဆုံး နင်းခြေတတ်တာ
နတ်မင်းတို့ ရဲ့ သ ဘောထား ထင်ပါရဲ့။
ရေမြုပ် သွားလို့  ရစရာမရှိအောင်
ပျက်စီးသွားတဲ့ လယ်နံဘေးမှာ
အ ဖေ ဟာ အရက် အိုးကို ပိုက်ရင်း
ငါတို့ ကို ချန်ထားရစ်ခဲ့ပြီ ။

ပန်းဖိနပ်ငယ်  (One shot )Where stories live. Discover now