အပိုင်း-၃၅ (Unicode)

9.4K 1K 339
                                        

ထက်မာန်ဦး ဘတ်စ်ကားမှတ်တိုင်မှာ ရပ်စောင့်နေရင်း လက်ကောက်ဝတ်ပေါ်က ဒီဂျစ်တယ်နာရီလေးကို ငုံ့ကြည့်မိသည်မှာ ဘယ်နှကြိမ်မြောက်မှန်းမသိတော့။ လွှမ်းနဲ့ ချိန်းထားတဲ့အချိန်ကိုရောက်ဖို့ ဆယ့်ငါးမိနစ်လောက်တော့ လိုနေသေးသည်။

"ဟေ့ညီလေး။ လိုက်ဦးမလား။"

စပယ်ယာတစ်ယောက်ရဲ့ လှမ်းခေါ်တဲ့ အသံကြောင့် ထက်မာန်ဦး အာရုံတွေ လွင့်ပျံ့သွားရပြန်သည်။ ကွမ်းသွေးကို ကားလမ်းမပေါ် တဗျစ်ဗျစ်နှင့်ထွေးထုတ်နေတဲ့ ထိုစပယ်ယာသည် ထက်မာန်ဦး မငြင်းမချင်း အတင်းဆွဲခေါ်ထုတ်မည့်အထာနှင့်။ ထက်မာန်ဦး ခေါင်းကိုခါယမ်းလိုက်တော့မှ စပယ်ယာက "မောင်း။ဆရာရေ့"ဟုသာ အော်ပြီး ညစ်ထေးထေးအရောင်နှင့် အနှီဘတ်စ်ကားသည်လည်း မှတ်တိုင်ကနေ ထွက်ခွာသွားပြန်သည်။

မျက်စိရှေ့က ဝူးခနဲ ဝူးခနဲ ဖြတ်သန်းသွားတဲ့ ဘတ်စ်ကားတွေရဲ့ အင်ဂျင်သံတွေ၊ စပယ်ယာတို့ရဲ့ မှတ်တိုင်နာမည်တွေကို အီမီနမ် (Eminem) ရပ်ပင် (Rapping) ရွတ်သလို အော်ကြီးဟစ်ကျယ်နှင့် ရွတ်ရင်း ခရီးသည်ခေါ်တဲ့အသံတွေကို စိတ်ရှုပ်ထွေးလာတာနှင့် ထက်မာန်ဦး ခေါင်းတစ်ချက် ခါကာ မျက်နှာလွှဲလိုက်မိသည်။ ထိုအချိန်မှာဘဲ ခပ်လှမ်းလှမ်းကနေ ဘတ်စ်ကားမှတ်တိုင် ရှိနေရာသို့ ခပ်သွက်သွက် ပြေးလာတဲ့ လွှမ်းကို တွေ့လိုက်ရသည်။ ထက်မာန်ဦးဆိုတာကလည်း လွှမ်းကို မီတာ တစ်ရာလောက်က မြင်လျှင်ကို လွှမ်းမှန်းတန်းသိသည်။

"လွှမ်း။"

ထက်မာန်ဦးကို ကြိုမြင်နှင့်ပြီးပုံရတဲ့ လွှမ်းသည် ထက်မာန်ဦးရဲ့ လှမ်းခေါ်တဲ့အသံကို အထူးတလည် မတုံ့ပြန်။ ထက်မာန်ဦးကို လှမ်းကြည့်ရင်းဖြင့်သာ ထက်မာန်ဦးရှိရာကို အပြေးတပိုင်းနှင့််လာလေသည်။ အဝေးကနေ လှမ်းကြည့်နေတုန်းက လွှမ်းက အရပ်နည်းနည်းမြင့်လာတာများလားလို့ တွေးလိုက်ပေမယ့် ထက်မာန်ဦးနားကို ရောက်တော့ မြင့်လာတဲ့အရပ်က တစ်စင်တီမီတာ သာသာလောက်မဟုတ်မှန်း သိလိုက်ရလေသည်။

"စောရောက်နေတာလား။ဘယ်လောက်တောင်စောင့်လိုက်ရလဲ။"

ရှည်ထွက်လာတဲ့ လွှမ်းအရပ်ကြီးကို တမေ့တမောငေးကြည့်နေမိလို့ ထက်မာန်ဦး ချက်ချင်းပြန်မဖြေနိုင်။ အရင်က ထက်မာန်ဦးနဲ့ သူမသာကိုယ်မသာကိုမှ ထက်မာန်ဦးထက် နည်းနည်း ပုသလိုလေး ရှိခဲ့တာလေ။ ခုဘယ်လိုဖြစ်ရတာလဲ။ ဘယ်လိုဖြစ်ရတာလဲ!!!

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Место, где живут истории. Откройте их для себя