1💚

1K 64 3
                                    

Book 1ကိုအရင်ဖတ်ရန် ။

ZAWGYI

မနေ့က အိမ်ပြန်လာတော့ ခြံရှေ့ကစာတိုက်ပုံးထဲမှာ စာတစ်စောင်ရောက်နေတာကို ကျွန်တော်တွေ့လိုက်ရတယ် ။
အဲ့ဒီအချိန်မှာ ဖြစ်သွားတဲ့ရင်ခုန်သံကို Xiao ကို နားထောင်စေချင်လိုက်တာ ။
တံဆိပ်ခေါင်းကပ်ထားတဲ့ခပ်ရိုးရိုးစာအိတ်လေးပေါ်က လက်ရေးတွေကို ကျွန်တော်အလွတ်ရတဲ့အထိ ကြည့်နေမိခဲ့တယ် ။

ဒီနေရာမှာနေရတာကို ကျွန်တော်ကတော့ သိပ်မကြိုက်ဘူး Xiao....
Xiao မရှိတဲ့နေ့ရက်တွေက ကျွန်တော့်အတွက်တော့ ကန္တာရကြီးလိုပဲ ။
နေ့ရက်တိုင်းမှာ ကျွန်တော်ဟာ စက်ရုပ်တစ်ရုပ်လိုရှင်သန်နေရတယ်
ကျွန်တော့်နှလုံးသားက Xiao ကိုလွမ်းတာကလွဲရင် တခြားဘာကိုမှမလုပ်တော့ဘူး ။

ညနေဘက်တွေမှာတော့ ကျွန်တော် Lavendar တွေကြားမှာ လမ်းလျှောက်ဖြစ်တယ် ။ ဥယျာဉ်မှူးအဖြစ်ခန့်ထားတဲ့ အဖိုးမာစီက သိပ်ခင်ဖို့ကောင်းတာပဲ
ကျွန်တော့်ကို ပန်းတွေအကြောင်း သေချာရှင်းပြတယ် ။
သူ့အမျိုးသမီးဖြစ်တဲ့ အဖွားအမ်မာကတော့ ကျွန်တော့်ကို ပြုံးပြီးကြည့်နေရုံကလွဲပြီး ဘာစကားမှ မပြောဘူး ။

Xiao ၀ယ်ပေးတဲ့ဂစ်တာလေးက အခန်းထောင့်မှာ ဖုန်တက်ချင်နေပြီ ။ Xiao မရှိမှတော့ သံစဉ်တွေကိုဖန်တီးလည်း ဘာများအသုံးဝင်တော့မှာလဲ
မနေ့ကတော့ ဂစ်တာကို ငေးနေမိသေးတယ် ။
သီချင်းတစ်ပုဒ်လောက်ဆိုရင်ကောင်းမလားပေါ့...
ဒီမှာ ရာသီဥတုအေးလာပြီဆိုတော့ Xiaoနဲ့စတွေ့ခဲ့တဲ့ ဆောင်းညနေခင်းတစ်ခုကို အမှတ်ရနေမိပြန်ရော ။

Xiao ကလေ မှော်ဆရာနဲ့တူတယ်ထင်တယ် ။
ကျွန်တော့်အတွေးထဲမှာ 24နာရီလုံး Xiao အကြောင်းတွေပဲပြည့်နေအောင် ဘယ်လိုများပြုစားထားတာလဲဟင် ။
ဒယ်ဒီကတော့ တစ်ခါတစ်လေ မျက်ထောင့်နီနဲ့ကြည့်တတ်သေးတယ်
ဒါပေမယ့် ကျွန်တော် ဂရုမစိုက်ပါဘူး ။
သူတို့စိတ်တိုင်းကျ ကျွန်တော်နေနေပေးတာပဲလေ ...

Xiaoရေ ...
အလွမ်းဆိုတာ သိပ်ဆိုးတာပဲနော်
ကျွန်တော် ညဘက်တွေဆိုရင် အိပ်ဆေးမကူဘဲ အိပ်လို့မရဘူး ။
Xiao ဆွဲပေးတဲ့ပန်းချီကားလေးတွေကတဆင့် အမှတ်တရတွေကို စမ်းတဝါးဝါးနဲ့ပြန်ရှာနေမိတယ် ။
Xiao ရဲ့လက်က အနုပညာလက်လို့ ကျွန်တော်ပြောခဲ့ဖူးတာမှတ်မိတယ်မလား
မှတ်မိတယ်ဆိုရင် ကျွန်တော့်အတွက်ပဲဖြစ်ဖြစ် Xiaoကို ပန်းချီပြန်ဆွဲစေချင်တယ် ။

တစ်နေ့ကပဲ ကျွန်တော့်ဆီစာတစ်စောင်ရောက်လာတယ် ...(Book 2)[COMPLETED]Where stories live. Discover now