2006 June ,
No 9 SHS (BEHS) St. Peter's Mandalay.ကောင်းကင်ပြာနုရောင်ထက်တွင် တိမ်တိုက်ကလေးတွေက တရွေ့ရွေ့ ပြေးလွှားဆော့ကစားနေသည် ။
ကျယ်လွန်းလှသော St. Peter's ကျောင်းဝန်းအတွင်းတွင်တော့ အဖြူအစိမ်း ယူနီဖောင်းကိုယ်စီဖြင့် ပြေးလွှားဆော့ကစားနေကြသော ကျောင်းသူကျောင်းသားလေးများ, အပြုံးကိုယ်စီနှင့် ဆရာ,ဆရာမများ ... ။
ပထမဦးဆုံးကျောင်းဖွင့်ရက်မို့ ကလေးများ၏ မိဘ,အုပ်ထိန်းသူတို့က ကျောင်းဝင်းအတွင်းဝင်ခွင့်ပြုထားသည် ။သူငယ်တန်း (A) အခန်းအတွင်းတွင်တော့ ကလေးများ၏အသံများ , အုပ်ထိန်းသူတို့ရဲ့ ကလေးများအား မှာကြားချက်များ , အုပ်ထိန်းသူအချင်းချင်း တီးတိုးပြောဆိုမှာများဖြင့် ဆူညံလို့နေပါတော့သည် ။
ကျောင်းဝန်းအတွင်း မုန့်စားတန်းတစ်နေရာတွင်တော့ ..."မေမေ ... တားကို မထားခဲ့ပါနဲ့နော် ။ တားတစ်ယောက်ထဲ အနေခဲ့ချင်ဘူး "
"အော် ... သားသားရယ် ။ ခဏလေးပဲနေခဲ့ရမှာလေ ။ ဒီမှာ ဆရာမလည်းရှိတယ် " အမေကပြောတော့ ကလေးခဗျာ လှမ်းကြည့်လိုက်တဲ့အခါ ဆရာမဖြစ်သူကလည်း အပြုံးချိုချိုနှင့်ပြုံးပြလို့နေတယ် ။
"မြင်လား ... သားသားကို ဆရာမကတောင် ပြုံးပြနေပြီ "
"ဟင့် .. တား အနေခဲ့ချင်ဘူး ။ မေမေနဲ့ပဲ ပြန်လိုက်ချင်တာ .. ။ နော် ... တား ကြောက်တယ် ... ဟင့် "
"မေမေ ... နေ့လည် ထမင်းစားချိန်ကျောင်းဆင်း သားသားကိုထမင်းလာကျွေးမယ်လေ ။ ဟိုမှာကြည့် သူငယ်ချင်းတွေတောင် နင့်လိုမငိုဘူးတွေ့လား ။ ငိုမနေနဲ့ တိတ်တော့ လိမ္မာတယ် သားသားက သနပ်ခါးတွေ ပျက်ကုန်လိမ့်ဦးမယ်လေ... " ဟူ၍ ပြောတော့လည်း
"ဟုတ်" ဟု တစ်ခွန်းသာပြန်ပြော၍ မျက်ရည်များကို လက်တစ်ဖက်ဖြင့်သုတ်ကာ နေတော့သည် ... ။
"ကလောင် ... ကလောင် ... ကလောင်"ကျောင်းတက်ခေါင်းလောင်းထိုးတော့ အတန်းအတွင်းတွင် ထိုင်နေသော ကလေးငယ်အား တာ့တာပြကာ ထွက်သွားသောမိခင်ဖြစ်သူအား ကြည့်၍ မျက်ဝန်းအိမ်အတွင်းမှ မျက်ရည်စများ လျှံကျလာတော့သည် ။
"ဟင့် ... မေမေ " ဟူ၍ နှုတ်မှ တီးတိုးရေရွတ်ရုံမှ တစ်ပါး ....
YOU ARE READING
Love Art
Romanceကျောင်းတစ်ကျောင်းတွင်ရှိသော ကလေးငယ်နှစ်ဦး၏ အဖြူရောင်သံယောဇဥ်ကြိုးလေး ... ။ ထိုကြိုးလေးမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုခိုင်မာလာရင်း ... ထိုကလေးငယ်တို့၏ ခွဲခွာရသောနေ့တစ်နေ့ကိုရောက်လာသောအခါ ... မည်ကဲ့သို့ပြန်လည် ဆုံစည်းကြမည်နည်း ? ချစ်ခြင်းမေတ္တာတရားကိုရေ...