One short

482 34 3
                                    

One short true story par 💜
အားပေးကြပါဦး

သဘာဝတရားကြီးကို မလွန်ဆန်နိုင်ဘူးတဲ့လား....အဲဒါဆို အစကတည်းက လိုက်လျောညီထွေအောင်နေခဲ့ရောပေါ့ ချစ်သူ...မင်းစတဲ့ ဇာတ်လမ်းကို မင်းပြီးအောင် ဆေးမချယ်နိုင်တော့ဘူးလား....အတိတ်မှာ မင်းနဲ့ဘယ်လိုချစ်ကြည်နူးဖူးတာကို တို့ရဲ့ သူငယ်ချင်းတွေကို ပြောပြချင်မိပါရဲ့...

တို့နှစ်ယောက်စတွေ့တာက Online ပေါ်ကနော်..အဲ့တုန်းက ကိုကနောက်ဆုံးနှစ် မင်းက ဆယ်တန်းအောင်ခါစ...နေတဲ့မြို့ချင်းလည်းတူတော့ ပိုခင်မိကြတယ်...တို့က မင်းထက် ၄ နှစ်ကြီးတော့ မင်းက မ လို့ခေါ်တယ်လေ..ညလေးလို့ပြန်ခေါ်တော့ မင်းအရမ်းသဘောကျခဲ့တယ်...

စနေ တနင်္ဂနွေ အိမ်ပြန်လာတတ်တဲ့ တို့ကို အပြင်မှာ မြင်ဖူးချင်လို့ တွေ့ကြရအောင်တဲ့...
မင်းက စာရေးကိရိယာ ဆိုင်မှာ အရောင်းဝန်ထမ်းလုပ်နေတော့ အဲ့ဆိုင်မှာတွေ့ဖို့ချိန်းခဲ့ကြတယ်...တို့လည်း ကျောင်းပိတ်ရက်ရောက်တာနဲ့ သူငယ်ချင်း၂ယောက်ကို ခေါ်ပြီး သွားတွေ့တော့ တစ်ယောက်ကိုတစ်ယောက်ရှက်ပြီး စကား မပြောရဲကြဘူးလေ...အဖော်ပါလာတဲ့ သူငယ်ချင်းတွေကပဲ ရှက်နေတဲ့ တို့ ကိုတွေ့တော့ တို့အစား.စကားပြောပေးကြတယ်...

မင်းက တကယ်လှပါတယ်..ဖုန်းထဲမှာရော အပြင်မှာရောပေါ့...သတ္တိမရှိတဲ့ကိုယ်ဟာ အိမ်ပြန်ရောက်မှ စာရိုက်ပြီး စကားပြောရဲပါသတဲ့...ဟားဟားဟား... ဘယ်လောက်တောင် ကြောင်လိုက်လဲနော်...မင်းက တို့ကို အပြင်မှာပိုချစ်ဖို့ကောင်းတယ်တဲ့..တို့ရှက်သွေးဖြာခဲ့ရတာပေါ့....

မင်း ပညာရေးကောလိပ်လျှောက်ဖို့ ကိုကျောင်းတက်နေတဲ့ အချိန် ဖောင်လာတင်တယ်နော်...မလာလည်းရတဲ့ဟာကို အကြောင်းပြချက်က တို့နဲ့တွေ့ချင်လို့တဲ့...ရောက်သင့်တဲ့ အချိန်ထိ ရောက်မလာလို့ ဖုန်းဆက်မေးတော့ လမ်းမှာ ဆိုင်ကယ် accidentဖြစ်သွားလို့ ဆေးရုံရောက်နေတယ်တဲ့လေ...တိုက်တိုက်ဆိုင်ဆိုင် အဲ့နေ့မှာ တို့အမေလည်း.ဆေးရုံတက်ရတယ်..

ဆေးရုံတက်တဲ့တစ်လျှောက် ကျောင်းမတက်နိုင်ပဲ မင်းအနားမှာ နေပေးခဲ့တယ်...ခြေထောက်ကျိုးသွားတယ်တဲ့...အဲ့တုန်းက မင်းအစားငါဘာလို့မဖြစ်ရတာပါလိမ့်လို့ အမြဲတွေးမိခဲ့တယ်...

You've reached the end of published parts.

⏰ Last updated: Aug 23, 2020 ⏰

Add this story to your Library to get notified about new parts!

တိမ်မျှင်တစ်စကို ငြိတွယ်မိခြင်းWhere stories live. Discover now