Part 34

34K 2.7K 81
                                    

VVIP❣️

"မေမေ"

"ဟဲ့ အဲ့ဒါကဘယ်လိုဖြစ်လာတာလဲ
ကြည့်စမ်း ဗိုက်မှာလဲ အညိုမဲတွေ  သေနတ်မှန်တာလို့တော့ မေမေ့ကိုမပြောနဲ့နော် သားမာန်"

"ဘာမှဖြစ်တာမဟုတ်ဘူးမေမေ
မတည့်တာစားမိလို့ အလာဂျစ်ဖြစ်တာ
သားမအားဘူး အလုပ်ကိစ္စသွားရမယ်
မေမေပြန်တော့နော်"

"ဟဲ့ အခုမှအိပ်ယာနိုးတဲ့လူက ဘာတွေရေးကြီးသုတ်ပြာဖြစ်နေတာလဲ ဘယ်မလဲ ငါ့သမက်မင်းယောကျာ်း ခေါ်လိုက်စမ်း
မင်္ဂလာဆောင်ပြီးကတည်းက အိမ်ခေါ်မလာဘူး"

"ကူးက ရှူတင်သွားဖို့ပြင်နေတာမေမေ
ကျနော်အပြင်သွားရင် တခါထဲခေါ်သွားမလို့"

"ဒီကောင်လေးကရောဘယ်သူလဲ
သားမာန် မင်းအရင်အကျင့်တွေမပျောက်သေးဘူးလား
အိမ်ထောင်ကျပြီးနေတာကိုသတိရလေ"

"မဟုတ်ပါဘူးမေမေရယ် ဒါကကူးသူငယ်ချင်းပါ
ပြောလိုက်လေဇေယျ"

"အာ ဟုတ် အန်တီ ကျနော်ဇေယျပါ အကိုသစ်ကူးမိတ်ဆွေပါ"

"အော် သူများအိမ်အလည်လာတယ်ဆိုလဲ
ဧည့်ခန်းမှာတော့ မအိပ်နဲ့ပေါ့ကွယ်"

"ဟုတ် အခန်းလွတ်မရှိလို့ တစ်ညဒီမှာဖြစ်သလိုအိပ်လိုက်တာပါဗျ
ဒါဆို ကျနော်ပြန်တော့မယ်ဗျ ခွင့်ပြုပါအုံး"

"အေးအေး"

"ဇေယျ နေအုံးလေ"

"ရတယ်ဗျ Boss ကျနော်အဆင်ပြေတယ်
နောက်မှ တခေါက်လာတွေ့မယ်"

ဇေယျ Bossကို အဆင်ပြေကြောင်းပြောကာ
ဟိုတစ်စဒီတစ်စအကျီ င်္တွေကို အိတ်ထဲကောက်ထည့်ပြီး အိမ်ထဲကထွက်လာခဲ့သည်။
Bossမေမေကိုကြည့်ရတာ နည်းနည်းအဆင့်အတန်းခွဲမည့်ပုံပေါ်သည်။

"မေမေ ဇေယျကိုအားနာစရာဗျာ"

"ဘာအားနာရမှာလဲ ကြည့်တာနဲ့ဘာအဆင့်မှမရှိဘူးဆိုတာ သိသာတယ် အေးပေါ့ မင်းယူထားတဲ့အကောင်ကတောင် မယ်မယ်ရရ အဆင့်ရှိတာမှတ်လို့ မော်ဒယ်လိုလို မင်းသားလိုလို အထင်ကြီးစရာကိုမရှိဘူး"

ကူးကိုထိလာပြီမို့ မာန်ဆက်ပြီးနားမထောင်နိုင်တော့။
မေမေမို့လို့ပေါ့ တခြားသူသာဆို မာန်သတ်ပစ်လိုက်ပြီ။
သိတယ် အစောကတည်းက မေမေကူးကိုသဘောမကျမှန်းသိလို့ အိမ်ကိုတခေါက်မှ ခေါ်မသွားတာ။
ကူးကမာန့်ကို အမြင်မကြည်တဲ့အထဲ မေမေကပါတစ်မျိုးပြောနေရင်
ဘယ်လိုမှကူးနဲ့ပြေလည်နိုင်မှာမဟုတ်ဘူး။
အခုလဲ အဆင်ပြေတာမကြာသေးဘူး မေမေကရောက်လာပြီ။

🔥VVIP🔥 (Completed)Donde viven las historias. Descúbrelo ahora