Unicode

5.4K 434 74
                                    

ကြီးကျယ်မြင့်မြတ်လွန်းတဲ့ ချန် ဧကရာဇ်တိုင်းပြည်ကြီးရဲ့ ဂုဏ်သရေရှိ ရုံအိမ်တော်မှာ ကျက်သရေအပေါင်းနှင့် ပြည့်စုံလှတဲ့ ရုံသခင်မကြီးဟာ သားဦး ရတနာလေး တစ်ပါး ဖွားမြင်ခဲ့တယ်။

အသက်အရွယ် အတော်ရမှ ပထမဆုံး ကိုယ်ဝန်ဆောင်နိုင်ခဲ့တာမို့ တစ်အိမ်လုံးက အထူး မျှော်လင့်နေခဲ့ကြပေမယ့်

ကံဆိုးလှစွာဘဲ မွေးဖွားလာတဲ့ သားငယ်လေးဟာ ခြေတစ်ဖက် သိမ်နေခဲ့ရှာတယ်။

အကိုဖြစ်သူ နန်းတွင်း သမားတော်ကြီးရဲ့ အရှိန်အဝါနဲ့ ဂုဏ်မောက်နေတဲ့ ရုံသခင်ကြီးဟာ မသန်စွမ်း မွေးကင်းစကလေးငယ်ကို မြင်မြင်ချင်း စက်ဆုပ်ခဲ့ပါတယ်။

ကလေးငယ်ကို နွေးနွေးထွေးထွေး ဆက်ဆံဖို့ နေနေသာသာ၊ နာမည် ရွေးချယ်ပေးဖို့ကိုတောင်မှ ငြင်းဆိုခဲ့တယ်။

မနေသာတော့တဲ့ မိခင်ဖြစ်သူကပဲ ကလေးငယ် အသက်တစ်နှစ်အရွယ်မှာ ကိုယ်တိုင် နာမည်ပေးခဲ့တယ်။

"ရုံဖန်ချင်း"တဲ့။

သူ့ကို မလိုလားတဲ့သူတွေ များလွန်းလှတဲ့ ရုံအိမ်တော်ကြီးမှာ
ရုံဖန်ချင်း တစ်ယောက် ငယ်ဘဝကို ကြေကွဲဝမ်းနည်းဖွယ်
နေ့ရက်တွေနှင့် အတူ ကုန်ဆုံးခဲ့ရတယ်။

ညီအစ်ကို မောင်နှမ ဝမ်းကွဲတွေရဲ့ အနိုင်ကျင့်မှုကို ခံရတိုင်းး၊
ဖခင်ဖြစ်သူရဲ့ ဒေါသတွေ အားလုံး သူ့အပေါ် ပုံချတာ ခံရတိုင်း၊
ဦးလေး၊ အဒေါ် ဖြစ်သူတို့ရဲ့ လူမသိအောင် နှိမ်စက်ကလူ ပြုမှုကို ခံရတိုင်း မိခင်ကြီး၏ ရင်ခွင်က လွဲလို့ ခိုနားစရာ နေရာ
ရုံဖန်ချင်း မှာ မရှိခဲ့ပါဘူး။

သို့သော်လည်း ရုံဖန်ချင်း အသက် ၁၀နှစ်မှာ တစ်ဦးတည်းသော အားထားရာ မိခင်ကြီးကပါ သူ့ကို ထပ်မံ ခွဲခွာသွားခဲ့ပြန်ပါတယ်။

မှောင်အတိကျနေသော တောအုပ်အတွင်းမှာ တစ်ဦးတည်း လမ်းပျောက်နေခဲ့သလို ခံစားနေခဲ့ရတဲ့ အချိန်...

သူ့ဘဝရဲ့ တစ်ဦးတည်းသော ကိုးကွယ်ရာဖြစ်သူကို ရုံဖန်ချင်း စတင် တွေ့ဆုံခဲ့ရပါတယ်။

..................

မိခင်ကြီး သေဆုံးတဲ့သတင်းကို ကြားတော့ ဦးရီးတော်
နန်းတွင်းသမားတော်ကြီးက ချန်ဘုရင်ကြီးကို ခွင့်တောင်းပြီး ရုံဖန်ချင်းကို နန်းတော်တွင်းသို့ လူလွှတ်ပြီး ခေါ်စေခဲ့တယ်။

သို့...ချစ်လှစွာသော အရှင်Where stories live. Discover now