( Zawgyi Version)
မင်းကြီး မှာ တစ်ညလုံး အိပ်မပျော်ဘဲ မိုးလင်းတော့ ဖုန်းကျန့် ကို လွှတ်ပေးလိုက်သည်။ဖုန်းကျန့် မှာ အိပ်ကောင်းဆဲ။
မင်းကြီးသည် ပညာရှိ
စာမေးပွဲ ကို သူကိုယ်တိုင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။ကျင့်မင် နှင့် ယွီဟန် ကို အနားတွင် ခေါ်ထားလိုက်သည်။ယွီပင်းကို တော့ ခြွင်းချက် ချန်ထားခဲ့လိုက်သည်။ပညာရှိ စာမေးပွဲတွင် ချန်ချင်း က ပထမရသည်။
မင်းကြီးသည် သူကိုယ်တိုင် ထုတ်ထားသော မေးခွန်းကို အဖြေကောင်းကောင်း ပေးနိုင်သော ချန်ချင်း ကို ချီးမြှင့်မြောက်စား သည်။ချန်ချင်း သည် ကြောက်ရွံ့မှုမရှိဘဲ ထိုအခွင့်အရေးကို အမိအရ ယူလျက် စစ်သူကြီးမု ဖမ်းသွားသော ရွီးရင်း ကို လွတ်မြောက်ခွင့်ပေးရန် တောင်းဆိုသည်။
ချန်ချင်း သည် မင်းကြီးနှင့်အရွယ်တူပြီး ငယ်ငယ်လေးနှင့် ပညာရေး တွင် ထက်မြတ်သည် ၊ ရဲဝံသည် ၊ ပြောရဲဆိုရဲ ရှိသည့်အတွက် မင်းကြီးမှာ ချန်ချင်း ကို နှစ်သက်တော်မူသည်။ထို့ကြောင့် သူ့တောင်းဆိုချက်ကို လိုက်လျော ပေးလိုက်သည်။ထို့ပြင် အမဲလိုက်ပွဲတွင် ပါဝင် ဆင်နွှဲရန်ပင် ဖိတ်ခေါ်လိုက်သည်။
ချန်ချင်း သည် လူငယ် ပညာရေး ဝန်ကြီး အမတ် ဖြစ်လာသည်။ချန်ချင်း မှာ ပြုံးဖြီးနေသည်။ ပထမ ရ၍ မဟုတ်။ သူ ရှာနေသောသူ ကို မင်းကြီး ဘေး တွင် တွေ့လိုက်ရ၍ အပျော်လွန်နေခြင်း။ ချန်ချင်း သည် ယွီဟန် ကို မျက်တောင် မခတ်တမ်း စိုက်ကြည့်နေသည်။
ယွီဟန် မှာ တော့ သူ့ကို မမှတ်မိပေ။ သူ့ကို စိုက်ကြည့်နေသော ချန်ချင်း ကို မြင်သော်လည်း ခပ်တည်တည် သာနေသည်။
..............
ဖုန်းကျန့် နိုးလာတော့ မင်းကြီး မရှိတော့၍ အလွန် ဝမ်းမြောက် လျက် ရှိသည်။မင်းကြီးနန်းဆောင်မှာ သူတစ်ယောက်တည်း ရှိသည့်နှယ် တိတ်ဆိတ် နေသည်။ဖုန်းကျန့် သည် အခွင့်ရှိတုန်း တစ်နေရာပြီး တစ်နေရာ
တစ်ခုခု တွေ့လိုတွေ့ငြား နေရာစုံ ပတ်ရှာသည်။
စာကြည့်ဆောင် ၊ မင်းကြီး ၏ မှတ်တမ်း စာဆောင်များ တစ်ခုပြီး တစ်ခု လိုက်လံ မွှေနောက်သည်။ သို့သော် သံသရ ဖြစ်စရာ တစ်ခုမှ ရှာ၍မတွေ့။ ဖုန်းကျန့် အချိန်ကြာလာတော့ လက်လျော့လိုက်သည်။
YOU ARE READING
Life Of A King And His Destiny (BL)(Own Creation)
Fantasyသူက ငါ့နှလုံးသားထဲကို နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေတဲ့ မြှားတစ်စင်း လိုပဲ မင်းသာ အဲ့မြှားကို ငါ့နှလုံးသားထဲကနေ ဆွဲထုတ်လိုက်ရင် ငါ ဆက်ပြီး ရှင်သန်နိုင်မယ် မထင်ဘူး