အပိုင်း ၁၅

73 10 0
                                    

Account ပျက်သွားလို့
Account ပြန်ရတော့လည်း ရေးထားတဲ့ အပိုင်းတွေက ပေါ်မလာတော့
Up တာ ကြာသွားတာ
သွေ့ပုချီ
Thank you for reading my bad writing. 😘😘😘

( Zawgyi Version)

ဲတစ်ဖက်တွင်လည်း ယွီဟန်နဲ့ ယွီပင်း သည် မင်းကြီး သွားတတ်သော နေရာများကို တစ်ခုချင်း လိုက်ရှာ
သည်။သူတို့နှစ်ယောက် လမ်းကြားတစ်ခုထဲ ရှေ့ဆင့်နောက်ဆင့် ဝင်သွားသည်။ယွီပင်း က ယွီဟန် ၏ နောက်မှ လိုက်ဝင်သည်။ ထိုစဉ် ယွီပင်း ပါးစပ်ပိတ်ခံလိုက် ရပြီး လူတစ်ယောက်၏ ခေါ်ဆောင်သွားခြင်းကို ခံရသည်။

စစ်သူကြီး မု သည် ယွီပင်းကို လမ်းကြားထဲ မဝင်ခင် သူ့အစ်ကိုနှင့်အတူ တွေ့လိုက်သည်။
သူ့အစ်ကို မရိပ်မိအောင်
ယွီပင်း ကို တိတ်တိတ်လေး ပါးစပ်ကို အတင်းပိတ်ပြီး ဖမ်းခေါ်လာခဲ့သည်။
အဝေးရောက် သွားမှ ယွီပင်း ကို လွှတ်ပေးလိုက်သည်။

ယွီပင်း သူ့ကို ဖမ်းလာသော သူကိုတွေ့တော့ မဆဲပဲ မနေနိုင်တော့။

" ချီးပဲ ဘယ်သူများလဲလို့​ စောက်အဖိုးကြီးကိုး "

စစ်သူကြီးမုသည် ထိုစကားကြောင့် ဟန်ကိုယ့်ပြီး သူ့နှုတ်ခမ်းမွှေးများကို ပွတ်သပ်လျက် ပြောသည်။

" စောက်အဖိုးကြီး ကိုယ်အဲ့လောက် အသက်မကြီးသေးပါဘူး ကိုယ်က ခန့်ညားချောမောတဲ့ လူပျိုပေါက်
အရွယ်ရောက်နေတာပါ ကြည့်ပါဦး ကိုယ်ရဲ့ ယောက်ျားဆန်တဲ့ နှုတ်ခမ်းမွှေးတွေကို "

ယွီပင်း စစ်သူကြီးမု၏ပုံစံကြောင့် အရမ်းစောက်မြင်ကပ်လာ၍ ထွက်သွားရန်သာ ပြင်လိုက်သည်။

"ခင်ဗျားမတော်နိုင်သေးဘူးလား ။ ရှေ့ကဖယ် ..နောက်ဆို ကျုပ်ကို ဆွဲလားရမ်းလား လာမလုပ်နဲ့ "

စစ်သူကြီး မု သည် အမူအရာ ပြန်တည်လိုက်ပြီး ခေါ်လိုက်သည်။

" ကလေးက လည်း "

ယွီပင်း မခံနိုင်တော့ စစ်သူကြီးမု ၏ ကွကြားကို ဆောင့်ကန်ပစ်လိုက်တော့သည်။

" ချီးပဲ အဲ့ပါးစပ်က ကလေးလို့ အော်ကလီဆန်တဲ့ ညစ်ညစ်ပတ်ပတ်တွေ လုံးဝ မခေါ်နဲ့ နောက်ဆို ခင်ဗျားပစ္စည်း မျိုးသုန်းသွားမယ် လူကို ဘာမှတ်နေလဲ "
ပြောပြီး ခုန်ဆွခုန်ဆွ လုပ်နေသော သူကို ကျောခိုင်းပြီး ထွက်ခွာသွားသည်။
နောက်မှ သတိရ၍ ခေါင်းလေးလှည့်ပြီး ပြောလိုက်သည်။

Life Of A King And His Destiny (BL)(Own Creation) Where stories live. Discover now