VVIP❣️
"ရေဆာလိုက်တာ"
အိပ်မက်ယောင်တာလား တကယ်ပြောတာလားမသိပေမဲ့
အသင့်ရှိတဲ့ရေဖန်ခွက်လေးကို မာန်လှမ်းယူလိုက်သည်။"ကူး……ကူးလေး ထ ရေသောက်လိုက်"
"ဟင်……အင်း"
အာခေါင်နေချောက်နေလို့ နိုးလာတာဖြစ်မည်။
ရေခွက်လုံးအကုန်သောက်ပစ်လိုက်တာ အသက်တောင်မရှူဘူး။
ငမူးလေး တစ်ရေးနိုးတာတောင် ချစ်စရာကောင်းနေသေးတယ်။"ကျနော့်ကြောင့်နိုးသွားတာလား"
အိပ်ယာပေါ်ပြန်လှဲရင်း မာန့်ကိုအားနာသလိုကြည့်ကာမေးသည်။
"ကိုယ်မအိပ်သေးတာ"
"ဟင် တစ်ခုခုဖြစ်လို့လား"
"ဘာမှမဖြစ်ပါဘူး စိတ်မပူနဲ့
ဒီအတိုင်း ကူးကိုထိုင်ကြည့်နေချင်လို့""အဲ့ဒါနဲ့ပဲ မနက်3နာရီအထိ မအိပ်ပဲကြည့်နေတယ်ဆိုပါတော့"
"အင်း"
"လာ အိပ်ယာထဲကို"
"ဟင့်အင်း ကိုယ်မင်းကိုထိုင်ကြည့်နေအုံးမှာ"
"လာပါ ကျနော်ကခင်ဗျားရင်ခွင်ထဲမှာအိပ်ချင်လို့
အနီးကပ်ကြည့်ရတာ ပိုမကောင်းဘူးလား"မာန့်လက်ကိုဆွဲကာဘေးမှာလှဲခိုင်းနေတာမို့
စိတ်တိုင်းကျဖြစ်စေတော့ ရင်ခွင်ထဲတိုးဝင်ကာ ရင်ဘတ်ကျယ်သို့မျက်နှာအပ်လာသည်။"ခင်ဗျားရင်ဘတ်စီကရတဲ့ ချွေးနံ့ကို ကျနော်သဘောကျတယ်
ခင်ဗျားကိုရောပဲ"ရင်ဘတ်ကို နမ်းပြီးမေးဖျားကိုမော့နမ်းကာစကားဆိုသည်။
မင်းစီကဘယ်တော့မှ ရုန်းမထွက်နိုင်တဲ့ကိုယ့်ကိုထပ်ပြီးချည်နှောင်ပြန်ပြီလားအလှလေးရယ်။"ကိုယ်ကကူးနဲ့ပတ်သက်သမျှအရာရာကိုသဘောကျတယ်"
"ကျနော်သိပါတယ် အဲ့ဒါကြောင့်လေ
ကျနော့်ကို မငြိုငြင်ပါနဲ့ ကျနော်အရမ်းဆိုးလဲ အချစ်မလျော့ပါနဲ့
ကျနော်လုပ်သမျှအရာတိုင်းကို ယုံကြည်ပေးပါ""လူတွေအားလုံးအမှန်တရားဘက်မှာရှိနေပြီး မင်းလေးတစ်ကိုယ်ထဲမှားယွင်းနေရင်တောင် ကိုယ်က မင်းရှိတဲ့ဘက်ကိုပဲ ကိုးကွယ်မှာမို့
မင်းစိတ်ကြိုက် ဘာမဆိုလုပ်လို့ရတယ် ကိုယ့်အဖိုးတန်လေးရဲ့"