Zawgyi
*ကျွန်တော် မကူညီနိုင်ဘူး Byun Won Hong*
ပြိုလဲခါနီးဖြစ်နေတဲ့Byun-Groupရဲ့CEO Byun Won Hong ... သူ့ကုမ္ပဏီမှာအစုရှယ်ယာဝင်ဖို့အိမ်မှာလာတောင်းဆိုခြင်း ...လောင်းကစားကြောင့်ပြိုလဲတော့မယ်ကုမ္ပဏီကိုကူညီဖို့ကျွန်တော့်မှာအတွေးမရှိ... ပီးတော့အပြိုင်လဲဖြစ်နေတယ်မလား......
*ကျွန်တော့်ငွေတွေကိုကျွန်တော်ပိုင်တဲ့ကုမ္ပဏီနဲ့ဟိုတယ်တွေမှာပဲ
ရင်းနှီးမြုပ်နှံထားတာ တခြားကုမ္ပဏီတွေမှာရှယ်ယာဝင်ဖို့ မစဉ်းစားထားလို့ပါ*ပျက်ယွင်းသွားတဲ့သူ့မျက်နှာ အားနာပေမယ့် လောင်းကစားလုပ်တဲ့သူတွေကိုတကယ်သဘောမကျ....မုန်းချင်လဲမုန်းပါစေတော့....
*မင်း ငါ့ကိုကူညီလို့ရတယ်မဟုတ်လားOh Sehunshi....Oh-Group ကဘယ်လောက်အောင်မြင်နေလဲ ငါသိပါတယ်ကွာ ငါ့ကိုကူညီလိုက်လို့မင်းဘာမှမဖြစ်သွားဘူးလေ*
အဲ့လောက်ငွေကကိုယ့်အတွက်ဘာမှမဖြစ်ပေမဲ့ အဲ့ငွေကကုမ္ပဏီပြန်တည်ထောင်ဖို့မဟုတ်ပဲ လောင်းကစားကြွေးဆပ်ဖို့ဖြစ်နေတော့စိတ်သန့်သန့်နဲ့မကူညီနိုင်....အပြတ်သာပြောရတော့မည့်အခြေအနေ....
*တကယ်မကူညီနိုင်ဘူး..ပီးတော့
လောင်းကစားလုပ်တဲ့သူတွေကို ကျွန်တော်သဘောမကျဘူးဆိုတာသိလောက်မှာပါ*အလုပ်ခန်းရဲ့ဆိုဖာပေါ်မှာမျက်နှာချင်းဆိုင်စကားပြောနေတာမို့ လက်သီးကိုတင်းတင်းဆုပ်လိုက်တဲ့အမူအရာကို တွေ့ဖြစ်အောင်တွေ့လိုက်မိသည်
ဒေါက်!! ဒေါက်!!
*ဝင်ခဲ့ပါ*
*ဧည့်သည်အတွက်ကော်ဖီလာပို့တာ မောင်*
အခန်းထဲဝင်လာတဲ့ လက်ထပ်ပီးခါစ ကျွန်တော်ချစ်ရတဲ့ဇနီး Han So Yoon..... လှပတဲ့နှုတ်ခမ်းပါးထက်အပြုံးတစ်ပွင့်ကိုအမြဲဆင်မြန်းထားတာ.... လှပကျော့ရှင်းတဲ့ ခန္ဓာကိုယ်လေးမို့ ပုရိသတိုင်းကြွေနိုင်လောက်သည်... အခုလောလောဆယ်တော့ အရှေ့ ကလူကိုသာ ကန်ချင်စိတ်ပေါက်လာသည် မျက်လုံးက So Yoon ရဲ့ အဓိကနေရာတွေကနေမဖယ်..... သူ့ရှေ့ကော်ဖီချပေးတဲ့လက်ကလေးကိုဆွဲကိုင်ရင်း...
YOU ARE READING
G.O.R.G.E.O.U.S 💋🍂 (UNI+ZAW) [completed]
FanfictionZawgyi Park Chanyeol အဲ့မျက်နှာလေးကသာသူနဲ့ မတူခဲ့ရင်..... Byun Baekhyun အဖေ့အမှားအတွက် ကျွန်တော်ကဓားစာခံလား..... လက်ထပ်ပီးခါစချစ်သူနှစ်ဦး ခရီးထွက်ရင်း အပြိုင်ကုမ္ပဏီရဲ့မနာလိုမှုကြောင့်လုပ်ကြံခံရသောအခါ..... ချစ်ရသူကိုကိုယ့်ရှေ့ မှာပ...