Chapter 9: မင်းသမီးတစ်ပါးမှ မဟုတ်ဘဲ/ မင္းသမီးတစ္ပါးမွ မဟုတ္ဘဲ

1.1K 173 3
                                    

" အဓိပ္ပါယ် မရှိလိုက်တာ! "

အမြဲလိုလို တည်ငြိမ်အေးဆေးနေတတ်တဲ့ ငါ့ ဘိုးဘိုးက ခိုင်ခန့်လွန်းတဲ့ သစ်သားစားပွဲကြီးကို ရိုက်ချလိုက်ပြီး စားပွဲပေါ်က ရေနွေးကြမ်းခွက်ကို မြေပြင်ပေါ် ပြုတ်ကျပြီး ကွဲသွားစေတာ မြင်လိုက်ရတော့ ငါ တွန့်သွားမိတယ်။ အစေခံတွေက အလျင်အမြန် ဝင်လာကြပြီး အကွဲအစတွေကို ရှင်းလင်းနေကြတုန်း၊ ဘိုးဘိုးကတော့ ဒေါသထွက်စွာနဲ့ မတ်တပ်ရပ်လိုက်တယ်။

" Zedong "

" ဟုတ်ကဲ့ အဖေ " ဘိုးဘိုးဘေးနားမှာ ရှိနေတဲ့ ယောကျ်ားပီသတဲ့ လူကြီးကို ငါ ကြည့်လိုက်မိတယ်။


" မြို့စားမင်းကို ချက်ချင်း ဒီကိုလာခဲ့ခိုင်းလိုက်။ ငါ သူနဲ့ စကားပြောချင်တယ် "

" ဟုတ်ကဲ့ အဖေ "

ဦးလေး Zedongက နောက်လိုက်နောက်ပါ ၄ယောက် ခြံရံရင်း ထွက်သွားခဲ့တယ်။

" Wei Lan "


" ဟုတ်ကဲ့ ဘိုးဘိုး " အရင်တုန်းက ငါ မှတ်မိနေကျအတိုင်း အခု အသံငြိမ်ပြီး အေးဆေးပြန်ဖြစ်သွားတဲ့ ဘိုးဘိုးကို မျက်နှာချင်းဆိုင်ဖို့ အရှေ့ကို လှမ်းလိုက်မိတယ်။ " သမီး ကြောက်လန့်သွားမှာပဲ; သင့်တော်တဲ့ လုံခြုံရေးတွေ မစီစဥ်ပေးလိုက်ရဘဲ မြေးကို အပြင်ထွက်ခွင့် ပေးလိုက်တာ ဘိုးဘိုး မှားသွားတယ် "

" ဘိုးဘိုး၊ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့နော်..... " ဒါက ကြိုတင်မမြင်နိုင်တဲ့ အဖြစ်အပျက် တစ်ခုမှန်း ငါ နားလည်ခဲ့ပါတယ်။ " Wei Lan က ထိတ်လန့်အံ့သြသွားရုံပါပဲ...... ဒီနေရာမှာ အခုလိုမျိုး တောပုန်းဓားပြတွေနဲ့ တွေ့ရလိမ့်မယ်လို့ Wei Lan မထင်ခဲ့မိတာပါ..... "



Jingပြည်နယ် မှာ ငါ စတင်နေထိုင်ခဲ့ကတည်းက၊ ငါ ထင်ခဲ့မိတာက ဒီနေရာက အေးချမ်းတယ်ပေါ့; ပြည်နယ်မှာ စီးပွားဖြစ်ထွန်းတဲ့အတွက် ပြည်သူလူထုက ယဥ်ကျေးသိမ်မွေ့ကြတယ် ပေါ့။ လမ်းတွေပေါ်မှာ သူဖုန်းစား တစ်ယောက်​တောင် မရှိဘူးရယ်၊ ဒါက ဒီမြို့ငယ်လေးက ဘယ်လိုတောင် နေထိုင်လို့ကောင်းကြောင်း ငါ့ကို သိနေစေခဲ့တယ်လေ။ ဒီလို အေးချမ်းတဲ့ အရပ်မှာ တောပုန်းတွေနဲ့ တည့်တည့်တိုးတယ်ဆိုတာက တကယ့်ကို အံ့အားသင့်စရာပါပဲ။


Rebirth of Fa Wei Lan {Myanmar Translation}Donde viven las historias. Descúbrelo ahora