[Unicode]
《ဒီလူယုတ်မာကြီးကငါသူ့ကိုချောတယ်လို့ပြောတိုင်းကျေနပ်နေတယ်》
ဖုန်းရှင်းလန် အသံအနည်းငယ်ထွက်ပြီးရီလိုက်သည်။
"လှပတဲ့သူလေးတဲ့တဲ့လား"ဖုန်းရှင်းလန်ရီသံကြောင့် စုပေကြက်သီးမွေးညှင်းတွေထောင်သွားသည်။ဖုန်းရှင်းလန် ဘာအဓိပ္ပါယ်နဲ့ထိုသို့ရီလိုက်မှန်းသူလုံးဝနားမလည်ဘူး။သူပြောလိုက်တဲ့စကားက ကဗျာစာသားထဲကလေ သူဘာမှားသွားလို့တုန်း....ကဗျာထဲမှာလည်းအဲ့လိုရေးထားတာပဲလေ.....
ထားပါလေ သူကအစထဲကကံမကောင်းတဲ့သူပဲ ကံစီမံရာပေါ့....ဒီလူကြီးဘာလုပ်လုပ်သူခံရတော့မယ်။ထိုသို့တွေးရင်း သူချောင်းဆိုးချင်သလိုလို နှာစေးချင်သလိုလိုနဲ့နေမထိထိုင်မသာတွေဖြစ်လာသည်။
ဖုန်းရှင်းလန် ခြေလှမ်းအနည်းငယ်နောက်ပြန်ဆုတ်လိုက်ပြီး သူ့နဂိုခံစားချက်မပါဝင်တဲ့ရေခဲအမူအရာကိုပြန်ပြောင်းလိုက်သည်။
"ငါနှင်းဆီတွေကိုမကြိုက်ဘူး"သွားပြီ....စုပေမျှော်လင့်ချက်သေးသေးလေးကိုစွန့်လွှတ်လိုက်ရပြီ တကယ်ပါဘဲသူဒီလောက်ပိုးပန်းနေတာကိုငြင်းရလား....ဒါသူ့နှလုံးသားလေးကိုတောင်နာကျင်သွားစေသည်။ဒီလူကြီးကိုလိုက်ရတာခက်လိုက်တာ....ကောင်းပြီ ဒါဆိုလည်းသူဒီနေရာကထွက်သွားတာပေါ့....
"Mr.ဖုန်း ဒါဆိုကျွနိတော်သွားတော့မယ် နှုတ်ဆက်ပါတယ်"သူစိတ်ဓါတ်ကျစွာ လှည့်ပြန်စဥ်မှာပဲ အနောက်ကနေဖုန်းရှင်းလန်၏ခြိမ်းခြောက်သည့်လေသံကြီးထွက်လာသည်။
"ငါနောက်တစ်ခါမင်းဆေးလိပ်သောက်တာမတွေ့ချင်......."ဖုန်းရှင်းလန် စကားတောင်မဆုံးလိုက် စုပေခြေလှမ်းမြန်မြန်လျှောက်ပြီးထွက်ခွာသွားသည်။ဒါဘယ်လိုစကားကြီးတုန်း ဒီစကားကသူ့ကိုကြက်သီးထသွားစေသည်။
System 748 ရဲ့စက်ရုပ်လိုအသံကြီးထွက်လာသည်။ဒီအသံကသူ့အတွက် မထူးဆန်းတော့ ကြားပါများတော့ နားယဥ်ပြီးရင်းနှီးသွားပြီ။
"ဆွဲဆောင်ခြင်း ယူနစ်ဘားက 3% ကိုတက်သွားပါပြီ ထပ်ပြောပါ့မယ် အခုဆွဲဆောင်ခြင်းယူနစ်ဘား 3%အထိတက်သွားပါပြီ"
YOU ARE READING
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...