[Unicode]
ဂျောင်ဂု ဒီရပ်ကွက်ထဲ ပထမဆုံးရောက်ဖူးခြင်း ။ luggage ကြီးဆွဲကာ အိမ်တစ်အိမ်ရှေ့ ရပ်နေမိသည် ။
" ဟို ... အိမ်ငှါးထားတဲ့လူငယ်လေးလားမသိဘူး ''
" ဟုတ်ပါတယ် နေလို့ရပြီမလား ? "
" ရပြီကွဲ့ အဘသန့်ရှင်းရေးတွေအကုန်လုပ်ထားတယ်
ဒီမှာသော့ ''ကိုယ့်ကောင်လေး နဲ့အနေနီးအောင် ပထမဆုံးကြိုးစားပြီးမှ
သူ့ရဲ့ဘဝအစစ်အမှန်ရော Dark Sides ပါအကုန်
ဖွင့်ပြောပြီးချစ်ခွင့်ပန်ကာ တစ်ဘဝလုံးစာသက်ဆိုင်သူအဖြစ်
သိမ်းသွင်းမည် ။အင်း .... ကိုယ့်ကောင်လေးပေါ့ ။ မင်းကိုပိုင်ဆိုင်ရပြီးမှ
ကိုယ့်အပိုင်နာမ်စားလေးနဲ့ ခေါ်မယ် ။သော့ယူပြီး အိမ်ကိုသာတန်းတန်းမတ်မတ်သွားပြီး
တံခါးဖွင့်လိုက်သည် ။ အိမ်ထဲကမှာက ပရိဘောဂ အစုံနဲ့ရေခဲသေတ္တာထဲမှာကအစစုံနေအောင်ထည့်ထား
ပေးခိုင်းတာမို့ ဘာမှ ထွေထွေထူးထူးတော့လုပ်စရာမရှိ ။
ပါလာတဲ့ Luggage တစ်လုံးနဲ့ပုံးကြီးကြီးတစ်ခုကို
အိပ်ယာဘေးချပြီးပစ်လှဲလိုက်သည် ။* 2:26 အင်း...ဒီအချိန်ဆို ကောင်လေးကျောင်းမှာ
သူ့ကလေးတွေနဲ့ နပန်းလုံးနေတုန်းပဲရှိဦးမှာ *နေဦး ကောင်လေးအမေကိုအရင်စည်းရုံးထားရမယ် ။
ပါလာတဲ့ ပစ္စည်းတွေထဲက ပန်းရောင်ပိုးသားလေးနဲ့
ထုပ်ထားတဲ့ ပစ္စည်းတစ်ခု ။ ဟိုဆော့ဟျောင်းသူ့လူတွေကို ကိုယ်တိုင်သွားတူးခိုင်းထားတဲ့ဂျင်ဆင်းလတ်လတ်ဆတ်ဆတ်
လေးတွေ ။ ကျန်းမာရေးအတွက်တအားကောင်းပြီး
နုပျိုစေတာမို့ဒီလက်ဆောင်ကိုရွေးခဲ့တာ ကောင်လေးအမေကြိုက်မှာပါလေ ။ချစ်ရသူအတွက်ကတော့ အထူးလက်ဆောင်ပေါ့ ။ဆန်မုန့် ... ကိုရီးယား ရိုးရာဓလေ့ထုံးစံအရ အိမ်ပြောင်းလာရင် အိမ်နီးနားချင်းတွေကို ဆန့်မုန့်လေးတွေလိုက်ဝေပြီး ဂါဝရပြုရင်းနှီးမှုယူရတယ်တဲ့ ။
သေချာတယ် ကောင်လေးအတွက် ဂျောင်ဂု ကိုယ်တိုင်ဆန်မုန့်ကို ကြိုးကြိုးစားစားလုပ်တော့မှာပင် ။
လိုအပ်တာတွေကို လမ်းထိပ်မှာသွားဝယ်လိုက်သည် ။
အင်း ပြောရမယ်ဆို သူအဲ့လိုလုပ်ပေးဖို့ဝေးစွ ဆိုင်သေးသေး
လေးမှာတောင် ဈေးမဝယ်ဖူးတာပါ ။
YOU ARE READING
♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓
Fanfiction" မောင့် ကိုချစ်တယ် " " မောင့်အချစ်ကိုပိုချစ်တယ် " 🍓 " မောင့် ကိုချစ်တယ် " " မောင့်အချစ်ကိုပိုချစ်တယ် " 𝙸 𝚕𝚘𝚟𝚎 𝚢𝚘𝚞 𝚖𝚘𝚛𝚎 𝚝𝚑𝚊𝚗 𝚢𝚎𝚜𝚝𝚎𝚝𝚍𝚊𝚢 𝚋𝚞𝚝 𝚕𝚎𝚜𝚜 𝚝𝚑𝚊𝚗 𝚝𝚘𝚖𝚘𝚛𝚛𝚘𝚠 ☘︎ Warning - Male Pregnant / Married li...