အပိုင်းခွဲ ( ၁ )
တိုက်ခိုက်ရှင်သန်ခြင်း..
......................................................................
အတိတ်သို့ရောက်ရှိခြင်း...
[ ကျောင်းသားလေးတွေ တောင်တတ်တဲ့အပိုင်းကို မှတ်မိဦးမယ်ထင်ပါတယ်၊ အဲ့ဒီ့အပိုင်းမှာ မပြခဲ့တဲ့ အကြောင်းအရာလေးကို ပြန်ပြတာပါ၊ မမှတ်မိရင်လည်း စာကျေအောင် ပြန်ဖတ်လိုက်ပါတော့ update မြန်လွန်းတော့ မေ့နေလောက်ပြီ 🤣 ]
" အိပ်လို့မပျော်ဘူး.. "
ဆယ်ဟွန်းက ရွက်ဖျင်တဲနံရံကို ငေးမောကြည့်ရင်းကနေ တိုးတိုးလေးညည်းတွားတယ်၊ အဲ့အသံကိုကြားတဲ့ ဟယ်ချန်းက အိပ်ပျော်လုနီးပါးဖြစ်နေတဲ့ မျက်လုံးတွေကို အတင်းဖြဲဖွင့်ပြီး သူ့သူငယ်ချင်းလေးဘက်ကို လှည့်ကြည့်တယ်၊
ဆယ်ဟွန်းက ဟယ်ချန်းနဲ့ မင်ဟျောင်းတို့ နှစ်ယောက်ကြားထဲမှာ နေရာယူဝင်အိပ်နေတာဖြစ်တယ်၊ ခေါင်းထောင်ကြည့်လိုက်တော့ ဟွန်းငယ်ရဲ့ဘယ်ဘက်က မင်ဟျောင်းကလည်း အစောကတည်းက အိပ်မပျော်တဲ့လူလိုမျိုး မျက်လုံးပွင့်လျက်သားနဲ့ တွေတွေလေးငြိမ်လို့ကောင်းနေတယ်...
" ဒီအတန်းခေါင်းဆောင်က အတွေးများပြီး အရမ်းကိုအေးလွန်းတယ်၊ သူစကားမပြောတာက ပုံမှန်ဆိုပေမဲ့ အလွန့်အလွန်ကို ပျင်းစရာကောင်းလွန်းတယ်" လို့ ဟယ်ချန်းက ကောက်ချက်ချလိုက်တယ်၊ ပြီးတာနဲ့ ဝှားခနဲ သန်းဝေလိုက်ရင်း၊ မျက်ခုံးလေးနှစ်ဖက်ကြုံ့နေတဲ့ ဟွန်းငယ်ဆီ အကြည့်ပြန်ရောက်သွားတယ်၊
" ဘာဖြစ်လို့လဲ.. "
" လေတိုက်တဲ့အသံကြီးကလေ... ဝေါင်း..ဝေါင်း..ဝေါင်း..နဲ့ ကြောက်စရာကြီး.. "
သိချင်စိတ်နဲ့ မေးလိုက်တော့ ချက်ချင်းကို ပြန်ဖြေလာတဲ့ တောင်ကိုရီးယားပြည်သားလေးရဲ့ မပီ့တပီ ချစ်စဖွယ်ဖော်ပြချက်ကြောင့် ငြိမ်နေတဲ့ မင်ဟျောင်းကတောင် ဟက်ခနဲ ခပ်တိုးတိုးရယ်တယ်၊ ဟယ်ချန်းကတော့ ခန္ဓာကိုယ်ကို သူ့သူငယ်ချင်းလေးဘက်ကို စောင်းလှည့်လိုက်တယ်၊
ကျောင်းသားလေးတွေဆီက လှုပ်လှုပ်ရွရွအသံတွေကြောင့် ရွက်ဖျင်တဲရှေ့မှာ မီးလှုံရင်း စောင့်ကြပ်နေတဲ့ လုဟန်က တဲဘက်ကို ခေါင်းလေးတစ်ချက်စောင်းငဲ့ကြည့်ပြီးမှ၊ မီးပုံဘက်ကို ပြန်လှည့်သွားတယ်၊
YOU ARE READING
" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည်" [ Zaw × Uni ]
Fanfiction[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်...