*အက်​ရှင်​*

3.3K 457 25
                                    

*ကယ်​...အ​ဖေသွား​တော့မယ်​ သား

အိမ်​မှာ​ရောက်​​နေတာမနက်​ကတည်းကဆို​တော့
ဂျီမင်းရဲ့အ​ဖေက အိမ်​ပြန်​ဖို့အစပြုလာသည်​ လူကြီး
ဆို​တော့ ညနက်​မှအိမ်​ပြန်​ရင်​ မ​ကောင်းတတ်​ဘူးမ
လား

*အ​ဖေပြန်​​တော့မှာလား

ဂျီမင်းက မျက်​နှာ​လေးညိုးသွားပြီ မပြန်​​စေချင်​သလို
ပြောလိုက်​သည်​ တစ်​ခါတစ်​​လေမှ လာတတ်​တဲ့အ​ဖေ
မဟုတ်​ပါလား

*ဟုတ်​တယ်​ အ​ဖေပြန်​​တော့မယ်​ ဒီနက်​​​နောက်​ကျရင်
သားအ​မေစိတ်​ပူ​နေမှာစိုးလို့ ​စော​စောပြန်​မှရမှာ
ုပြီး​တော့ ရထားမမှီမှာက​ကြောက်​ရ​သေးတယ်

အမှန်​​တော့ဂျီမင်းတို့ဇာတိက ဘူဆန်​မြို့ကပါ သရုပ်
ဆောင်​ဝါသနာထုံတဲ့ ဂျီမင်းက ငယ်​ငယ်​​လေးထဲက
Soulကိုတတ်​လာပြီး အနုပညာကိုသင်​ယူခဲ့တာ
အိမ်​ကို​တောင်​ နှစ်​တိုင်းမ​ရောက်​ဖြစ်​ အားလပ်​ရက်
မျိုးမှသာ သွားဖြစ်တာ အိမ်​ကိုမလွမ်းဘူးလားလို့
မေးရင်​လဲ လွမ်းတယ်​လို့​ဖြေယုံကလွဲရင်​ဘာမျာလုပ်
နိုင်​ပါ့မလဲ ဒီမှာက အလုပ်​အကိုင်​အတည်​တကျရှိ​နေ
ပြီမဟုတ်​လား

*ဒီမှာဘဲ အိပ်​သွားလိုက်​ပါလားအ​ဖေ ညနက်​​နေပြီ
အ​ဖေတစ်​​ယောက်​တည်းပြန်​လို့ဖြစ်​ပါ့မလား အ​မေ
စိတ်​ပူမှာစိုးရင်​ အကျိုးအ​ကြောင်းဖုန်းဆက်​ပြီး​ပြော
လိုက်​လို့ရတာဘဲ​လေ

*ဟုတ်​တယ်​ အ​ဖေဒီမှာဘဲ အိပ်​သွားလိုက်​ပါလား

သူ့အိမ်​သူ့ယာလိုသ​ဘောထားပြီးဝင်​​ပြော​နေသည့်
သားရဲ့ရည်းစားဆိုတဲ့​ကောင်​ကို တစ်​ချက်​ဂြိုလ်
ကြည့်​ကြည့်​​ပေးလိုက်​​တော့ ငြိမ်​သွား​လေရဲ့

*ရပါတယ်​ အ​ဖေမ​နေ​တော့ပါဘူး အိမ်​မှာဘဲလုပ်​စရာ
လေး​တွေရှိ​သေး​တော့ ပြန်မှဖြစ်​မှာ သားအ​ဖေတို့ကို
တွေ့ချင်​တယ်​ဆိုရင်​​တော့ သားပိတ်​ရက်​မှာလာလည်
ပေါ့ ပိတ်​ရက်​လဲ မလို​တော့ဘူးမလား

တားရင်​လဲ မရမှန်းသိတာမို့ ဂျီမင်းအ​ဖေစိတ်​ချမ်း
သာ သလိုသာလုပ်ခိုင်းလိုက်​​တော့သည်

အက်ရှင် [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now