( Zawgyi Version )
မင်းကြီးပြန်ရောက်တော့ ကျင့်မင် မှာ မအိပ်သေးဘဲ သူ့နန်းဆောင်တွင် ထိုင်စောင့်နေသည်။
မင်းကြီးသည် ထုံးစံအတိုင်း ကျင့်မင် ကို မေးလိုက်သည်။
" ကျင့်မင် ဒီနေ့ ဘယ်လိုလဲ အဆင်ပြေတယ်မလား
ယွီဟန် နဲ့ ယွီပင်း ကော ပြန်ရောက်ပြီလား?
ငါ မနက်က အစောကြီး ထွက်သွားလို့ မင်းကိုပြောပြဖို့ အချိန်မမီလိုက်ဘူး ယွီဟန် နဲ့ ယွီပင်းကို ခေါ် ဖို့တောင် မေ့သွားတယ် ။
မင်းကို ကျေးဇူးတင်တယ် ယွီဟန် နဲ့ ယွီပင်း ကို လွှတ်ခဲ့ပေးလို့ "ကျင့်မင်သည် မင်းကြီးကို အော်မပြောပဲ ပုံမှန်လေသံဖြင့်သာ ပြောသည်။သူ့ဒေါသများကို မျိုသိပ်ထားဟန်။
" အဆင်မပြေ ဘူး မင်းငါ့ကို ဘာလို့ မပြောပြခဲ့တာလဲ?? ယွီပင်းနဲ့ အဲ့နေ့က ဘာတွေ ပြောခဲ့ကြတာလဲဆိုတာကို ငါလုံးဝ မင်းကို မမေးခဲ့ဘူးနော် ၊ ငါမင်းကို မမေးခဲ့တာက မင်းပြောလာမယ့်အချိန်ကို စောင့်နေခဲ့တာ ၊ ဒါပေမယ့် မင်းက ငါ့ကို ရှောင်ဖယ် ရှောင်ဖယ်လုပ်တယ်"
ကျင့်မင်၏ ပုံစံ မှာ ဝမ်းနည်းနေသည့်ဟန် ရှိုက်သံများဖြင့် ဆက် ပြောသည်။
" ယွီပင်းက မုလန်ကို လက်ထပ်ဖို့
ခွင့်တောင်းတာက တကယ်ပဲ ဘာကိစ္စကြောင့်လဲ ။စစ်သူုကြီးမု ကကော ယွီပင်း ကို ဘာလို့ လက်ထပ်ဖို့ တောင်း ရ တာလဲ? ၊ မင်းကကော ဘာလို့ အဲ့တာကို လက်ခံခဲ့တာလဲ???
မပြေဘူး ဘာ တစ်ခုမှ အဆင်မပြေ ဘူး
မင်းက အခုတလော ငါ့အပေါ် မှာ တစ်ခုပြီးတစ်ခု လျို့ဝှက် ဖုံးကွယ်နေတယ် ငါ့ကို ရှောင်တယ် တကယ်ပဲ ဘာကြောင့်လဲ
ငါက ဘာတွေမှားနေလို့ မင်းက ငါ့ကို မယုံကြည်တော့တာလဲ ?? "မင်းကြီးသည် ကျင့်မင် ၏ စကားများကို အတော်လေး တွေးယူရသည်အထိ။မင်းကြီးသည် အဓိကအချက် ကို သိချင်၍ ပြောလိုက်သည်။
" ကျင့်မင် မင်း ဘာကို ဆိုလိုတာလဲ "
ကျင့်မင်သည် မင်းကြီး ပြော သည်ကို ဂရုစိုက်မစိုက်ဘဲ သူပြောချင်တာကိုပဲ ဆက်ပြောနေသည်။
YOU ARE READING
Life Of A King And His Destiny (BL)(Own Creation)
Fantasiသူက ငါ့နှလုံးသားထဲကို နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေတဲ့ မြှားတစ်စင်း လိုပဲ မင်းသာ အဲ့မြှားကို ငါ့နှလုံးသားထဲကနေ ဆွဲထုတ်လိုက်ရင် ငါ ဆက်ပြီး ရှင်သန်နိုင်မယ် မထင်ဘူး