( Zawgyi Version)
ယွီပင်းသည် ယွီဟန် နောက် လိုက်ရင်း နဲ့ မင်းကြီးကို လည်း လိုက်ရှာသည်။
နေ့ဝက်လောက်ရောက်မှ ယွီဟန် ကို ပြန်တွေ့သည်။
ယွီပင်း သည် ယွီဟန် ကို အရူးတစ်ယောက်၏ ဖမ်းခေါ်သွားခြင်း ခံရကြောင်း ၊ ပြီးတော့ သူဖြေရှင်းလိုက်ကြောင်း ပြောပြလိုက်သည်။
ထို့နောက် မင်းကြီးကို နှစ်ယောက်သား ဆက်ရှာကြသည်။
ယွီဟန် က ရုတ်တရက် ယွီပင်း ကို ပြောသည်။
" ယွီပင်း လူတစ်ယောက်က လူတစ်ယောက်ကြောင့် ဘယ်ဘက်ရင်အုံက တဒုတ်ဒုတ် ခုန်နေရင် အဲ့တာ ဘာဖြစ်လို့လဲ ကြောက်လို့လား "
ယွီပင်း ကတော့ ထုံးစံအတိုင်း ယွီဟန် ကို နောက်ပြီးပြောသည်။
" ge ကလည်း တုံးလိုက်တာ အဲ့တာ အချစ်ပေါ့
ဘာလဲ ge က ချစ်ရတဲ့ သူ ရှိနေပြီလား မှန်မှန် ပြောနော် ကျွန်တော်ရဲ့ ယောင်းမ ကို သိချင်လို့ "ယွီဟန် က ထပ်ပြောသည်။
" မဟုတ်ပါဘူး ဒီအတိုင်း မေးကြည့်တာ
နောက်ပြီးတော့ ရှိသေးတယ် ယောက်ျားလေး တစ်ယောက်က ယောကျာ်း လေး တစ်ယောက် ကို ချစ်တာဆိုရင်ကော "ယွီပင်း သူ့စိတ်ခံစားချက်အတိုင်း ပြောလိုက်သည်။
" ge ကလည်း ယောကျာ်း လေးအချင်းချင်း တဲ့ ညစ်ပတ်လိုက်တာ ယောကျာ်း လေး အချင်းချင်း ချစ်နိုင်မယ့်သူ ရှိပါ့မလား ! မဟုတ်က ဟုတ်ကတွေ လာမေးနေတယ် ။ ge ဒီနေ့ ထူးဆန်းနေတယ်နော် ဘယ်သူနဲ့တွေ့ခဲ့လို့လဲ "
ယွီဟန် က သူ့ညီကို လမ်းကြောင်းလွှဲရန် မြှောက်ပေးလိုက်သည်။
" ဘယ်သူနဲ့မှ မတွေ့ဘူး လမ်းမှာ သူများပြောတာ ကြားလို့ ဥာဏ်ထက်တဲ့ ငါ့ညီကို မေးကြည့်တာ ဟုတ်ပြီလား "
ယွီပင်း သည် သူ့ကို မြှောက်ပြောလျှင် ကျေနပ်သူဖြစ်သူပီပီ ပြုံးဖြီးနေတော့သည်။
" ဟုတ်ကဲ့ပါဗျ.."
သူတို့နှစ်ယောက် ညမှောင်ရီပျိုးသည် အထိ မင်းကြီးကို ရှာမတွေ့ပေ။ မင်းကြီး မပါဘဲ ပြန်လျှင်လည်း ကျင့်မင် ၏ ဆူခံထိဦးမည်။ ထိုကြောင့် နောက်ထပ် နှစ်နာရီလောက် လူခွဲပီး ဆက်ရှာကြသည်။ နှစ်နာရီလောက် နေမှ ရှာမတွေ့လျှင် နန်းပြင် တံခါးဝ တွင် စောင့်နေရန် ညှိနှိုင်းလိုက်ကြသည်။
YOU ARE READING
Life Of A King And His Destiny (BL)(Own Creation)
Фэнтезиသူက ငါ့နှလုံးသားထဲကို နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေတဲ့ မြှားတစ်စင်း လိုပဲ မင်းသာ အဲ့မြှားကို ငါ့နှလုံးသားထဲကနေ ဆွဲထုတ်လိုက်ရင် ငါ ဆက်ပြီး ရှင်သန်နိုင်မယ် မထင်ဘူး