( Zawgyi Version)
ယွီပင်းသည် နေ့လည်လောက်မှ နိုးလာသည်။
သူနိုးလာတော့ အခန်းထဲ ဖြစ်နေ၍ သူဘေးပတ်လည်ကို သေချာကြည့်လိုက်သည်။" ငါ ဘယ်ရောက်နေတာလဲ "
ထိုစဉ် ရွီရင်း က အခန်းထဲ ဝင်လာပြီး ပြောသည်။
" နိုးပြီလား? ဗိုက်ဆာ ပြီလား? သက်ကော သက်သွားပြီလား "
ယွီပင်း သည် ရွီရင်း ကို စူးစိုက်ကြည့်ရင်း
" မင်းက "ရွီရင်း က သူ့အမေးကို သိသည့်အလား ချက်ချင်း ပြန်ဖြေသည်။
" ငါက မင်းရဲ့ အသက်သခင် ကျေးဇူးရှင်လေ ငါသာမင်းကို မတွေ့ရင် မင်း ငါ့ အိမ်ရှေ့ မှာ အပြင်းဖျားပြီး သေနေလောက်ပြီ "
ယွီပင်း မှာ တော့ သူမကို ကျေးဇူး တင် လိုက်ပြီး ထွက်သွား ရန်ပြင်လိုက်သည်။
" မိန်းကလေး အသက်ကယ်ပေးတဲ့
ကျေးဇူး တင် ပါတယ် မိန်းကလေး ကျွန်တော် သွားပါတော့မယ် "ရွီရင်း က ထွက်သွားသောယွီပင်းကို ပြာပြာသလဲ ပြောလိုက်သည်။
" ဝေ့.. ဝေ..မသွားနဲ့ဦးလေ မင်းက ဟန်သခင်လေး တပည့်မလား "
ထိုစကားကြောင့် ယွီပင်း ရွီရင်း ကို လှည့်ကြည့်လိုက်ပြီး ပြောသည်။
" မင်းက ငါ့ကို သိတယ်လား "
ရွီရင်း က မဖြေဘဲ တခြားဟာ ပြောလိုက်သည်။
" ငါ မင်းစားဖို့ ဆန်ပြုတ် ပြုတ်ထားတာ စားသွားဦး
မင်းမစားရင် သွန်ပစ်ရတော့မှာ "ယွီပင်း သည် လည်း ဗိုက်ဆာ ၍ ထိုင်စားလိုက်သည်။
ရွီရင်း က ဆန်ပြုတ်သောက်နေသော ယွီပင်း ကို မေးသည်။
" ကောင် လေး မင်းနာမည် ဘယ်လိုခေါ်လဲ ငါက ရွီရင်း "
ယွီပင်း က တစ်ခွန်းသာ ပြောသည်။
" ယွီပင်း "ရွီရင်း က ပြောသည်။
" ယွီပင်း လှသားပဲ ဒါနဲ့ မင်း မနေ့က ဘာတွေ ဖြစ်ခဲ့လို့လဲ ?? မဟုတ်မှ အိမ်က ထွက်လာတာလား
ဘာလို့လဲ "ယွီပင်း က ရိုးရိုး သာ ဖြေလိုက်သည်။
" ဒီအတိုင်း စိတ်ညစ်လို့ "
YOU ARE READING
Life Of A King And His Destiny (BL)(Own Creation)
Fantasyသူက ငါ့နှလုံးသားထဲကို နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေတဲ့ မြှားတစ်စင်း လိုပဲ မင်းသာ အဲ့မြှားကို ငါ့နှလုံးသားထဲကနေ ဆွဲထုတ်လိုက်ရင် ငါ ဆက်ပြီး ရှင်သန်နိုင်မယ် မထင်ဘူး