အပိုင်း ၂၅

57 11 1
                                    

( Zawgyi Version)

လေးရက်ကြာပြီးနောက် စစ်သူကြီးမု သည်
ကမ်းရိုးတမ်းဒေသရှိ ပြည်သူများကို ဖိနှိပ်နေသော
ဝေါဓားပြများကို တစ်ယောက်မကျန် အောင်မြင်စွာ ဖမ်းဆီး တိုက်ထုတ်နိုင်ခဲ့သည်။

ခန့်မှန်းချေအရ တစ်လ လောက် ကြာမည့် တိုက်ပွဲကို စစ်သူကြီးမု သုံး ၊ လေးရက်အတွင်း ဖြေရှင်းနိုင်ခဲ့သည်။

စစ်သူကြီး မု၏ ဂုဏ်သတင်းမှာ နဂိုရှိရင်းစွဲ ထက် ပိုမို ကျော်ကြားလာခဲ့သည်။

လမ်းတစ်လျှောက်လုံးတွင် အောင်ပွဲရလာသော
စစ်သူကြီး မု ကို ကြိုဆိုသူများနှင့် ပြည့်နှက်လျက်။

စစ်သူကြီးမု သည် ချပ်ဝတ်တန်ဆာ ဝတ်စုံပြည့်ဖြင့် မြင်းစီးကာ မြို့ထဲသို့ ဝင်ရောက်လာသည်။

သူ့နောက်မှလည်း လက်အောက်ငယ်သားများက မြင်းကိုယ်စီဖြင့် တန်းစီလျက်။

စစ်သူကြီး မု သူ့အား ကြိုဆိုသူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

ယွီဟန် နှင့် ရဲမက် နှစ်ယောက် ကို တွေ့တော့ သူ မြင်းပေါ်က ဆင်းပြီး ယွီဟန် ဆီသို့ သွားသည်။
ပြည်သူအများက သူ့အား လမ်းဖယ်ပေးကြသည်။

ကြိုဆိုနေသော ဆူညံသံ များ တိတ်ဆိတ်သွားသော ကြောင့် ယွီဟန် လည်း တစ်ချက် လှမ်းကြည့်လိုက်သည်။

စစ်သူကြီး မု က သူ့ဆီ လှမ်းလာနေခြင်း။

ယွီဟန် စစ်သူကြီးမု ကို နှုတ်ဆက်ရန်ပြင်လိုက်စဉ်
စစ်သူကြီး မု က လက်ပြလိုက်ပြီး ။

" ယွီပင်း ကို ရှာတွေ့ပြီလား "

ယွီဟန် သည် အားကိုးတကြီး မျှော်လင့်ချက် များဖြင့် မေးလာသော စစ်သူကြီးကို ခေါင်းခါပြလိုက်သည်။

စစ်သူကြီး မု က ယွီဟန်ကို ဘာမှ မပြောပဲ ပြန်လှည့်သွားသည်။

.................

ရွီရင်း က စားပွဲသုတ်နေရင်း ပြောသည်။

" ချန်ချင်း မရှိတော့လည်း ပျင်းသလိုလို ပဲ... ယွီပင်း ကော မပျင်းဘူးလား ။ စကားများတဲ့သူမရှိတော့ "

Life Of A King And His Destiny (BL)(Own Creation) Where stories live. Discover now