အပိုင်း ၂၇

35 8 0
                                    

ုံ( Zawgyi Version )

ဖုန်းကျန့် အမဲလိုက်ပွဲ မစတင်ခင် သူလုပ်ထားသော ငှက်သိုက်ဟင်းရည်ကို မင်းကြီးအား လာရောက်ဆက်သည်။

ဖုန်းကျန့် မင်းကြီးဘေးရှိ အပြာရင့်ရောင် ဝတ်စုံဖြင့် သူ့ကို စူးစိုက်ကြည့်နေသော ဟန်သခင်လေး ကြောင့် သူစိတ်ထဲ တုန်လှုပ်သွားရသည်။
သူ အပြင်ပန်းတွင်တော့ တည်တည်ငြိမ်ငြိမ်ဖြင့် မင်းကြီးကို ငှက်သိုက်ဟင်းရည် ဆက်သည်။

မင်းကြီးက ဝတ်ရုံလက် ကို ဝှေ့ရမ်းပြီး သူ့ဘေးရှိလူကို လှည့်ကြည့်ကာ ပြောသည်။

" ဟုန်ယွမ် မင်း အခုတလော နေမကောင်းဘူးဆို ဒီငှက်သိုက်ဟင်းရည်ကို မင်းပဲ​ သောက်လိုက် "

မင်းကြီး က အယောင်ဆောင်ထားသော ရှောင်အယ်ကို အရိုအသေ ပြုလျက်။

" အရှင်မင်းကြီး ကို ကျေးဇူးတင်ပါတယ် " ဟု ပြောပြီး ဖုန်းကျန့် လက်ထဲရှိ ပန်းကန်လုံး ကို လှမ်းယူသည်။

ဖုန်းကျန့် မှာ ခေါင်းကို ငုံ့ထားလျက် ။

' ဟုန်ယွမ် တဲ့လား! ပြောတော့ အဲ့လို ခေါ်မယ့်သူ မရှိဘူးဆို သူငါ့ကိုညာတယ် တကယ်ပဲ မင်းကြီး နဲ့ ဘယ်လိုပတ်သက်နေတာလဲ '

မင်းကြီး နှစ်ဇွန်းလောက်သောက်ပြီးတော့ ရှောင်အယ် က မေးသည်။

" ဟုန်ယွမ် အရသာ ဘယ်လိုလဲ "

မင်းကြီး က ခေါင်းငုံ့ထားသော ဖုန်းကျန့် ကို ကြည့်ပြီး ဖြေသည်။

" ကောင်းပါတယ် "

ရှောင်အယ်က ပြောသည်။

" ဟုတ်လား ဒါဆို မုလန် ကို ငါကိုယ်တော် ဆု ချီးမြှင့်မယ် မင်းဒီနေ့ ငါကိုယ်တော်ကို ခစားဖို့ မလိုတော့ဘူး အလုပ်လည်း လုပ်စရာ မလိုဘူး
နားလို့ရပြီ "

ဖုန်းကျန့် ထိုစကားကြောင့် ပြောစရာ စကား ရှာရတော့သည်။

' ဘယ်လိုလုပ်ရမလဲ ငါ မင်းကြီးနဲ့ အတူရှိနေမှဖြစ်မှာ '

ဖုန်းကျန့် ဒူးထောက်ပြီး ပြောလိုက်သည်။

" အရှင်မင်းကြီး ကို ကျေးဇူးတင်ပါတယ် ဒါပေမယ့်
ကျွန်တော်မျိုးမ က အရှင့်မင်းကြီးကိုပဲ ခစားချင်တာပါ ဆုကို အရှင်မင်းကြီး ဆီမှာပဲ ဒီနေ့ တစ်ရက်လုံး မပြတ် ခစားရမယ်လို့ ပြောင်းပေးတော်မူပါ "

Life Of A King And His Destiny (BL)(Own Creation) Where stories live. Discover now