( Zawgyi Version)
သံအမတ် ကြီးနှင့် မင်းသမီး လျို တို့မှာ မင်းကြီး ဖြစ်အင် ကို ကြည့်ပြီး ကြိတ်ပျော်နေကြသည်။
မင်းကြီးမွေးနေ့ပွဲ လည်း နီးလာပြီဖြစ်၍ သူ့တို့ ပုန်ကန်တိုက်ခိုက်မည့် ရက်လည်း သိပ်မလိုတော့ပေ။ ထို့ကြောင့် မင်းသမီး လျို က မင်းကြီး နှင့် စေ့စပ်ကြောင်းလမ်းခြင်း ကို ဖျက်သိမ်းလိုက်သည်။
............
အမဲလိုက်ကွင်း မှ ထွက်လာကတည်းက
မင်းကြီး ဖုန်းကျန့် နားကနေ တစ်ဖဝါးမှ မခွဲဘဲ နေနေသည့်အတွက် ဖုန်းကျန့် အနေရခက်လာသည်။ သူ အဆင်ပြေ ကြောင်း အထပ်ထပ်ပြောသော်လည်း သူက တစ်ခွန်းမှ မဟဘဲ ပေကပ်ပြီး အနားကပ်နေသည်။ချန်ချင်း တောင် သူ့အား ဆေးထည့်ပေးပြီး ပြန်သွားလေပြီ ။
ဖုန်းကျန့် မင်းကြီး ကို ပထုတ်လိုက်သည်။
" သခင်လေး ကျွန်မ နားချင်ပြီ သခင်လေး ကျေးဇူးပြုပြီး ပြန်ပါတော့ "
မင်းကြီးက စပြီး ပြောတော့သည်။
" ဘာလို့လဲ ?...ဘာလို့ စိတ်မဆိုးဘူးပြောပြီး ငါ့ကို ရှောင်နေတာလဲ? ဘာလို့ သခင်လေး လို့ ခေါ်တာလဲ? ငါ့ကို ဘာလို့ မောင်းထုတ်နေတာလဲ?
ငါ တကယ်တောင်းပန်ပါတယ်
နောက်ခါ မင်းခွင့်ပြုချက် မပါဘဲ တကယ်လုံးဝမထိပါဘူး ။ အရင်လို ရင်းရင်းနှီးနှီး ပြန်နေရအောင် "ဖုန်းကျန့် က ခတ်ပြတ်ပြတ်သာ ပြောလိုက်သည် ။
" သခင်လေး ခုထိနားမလည်သေးဘူးလား ။
ကျွန်မ သခင်လေး ကို စိတ်မဆိုးပါဘူး
ကျွန်မ ရှောင်တာက ကျွန်မ သခင်လေးကို သဘောမကျလို့ပါ "မင်းကြီး သည် ထိုစကားအဆုံး နာကျင်သွားရသည်။
" ဒါပေမယ့် ငါ.. ငါ မင်းကို ချစ်တယ်လေ "
ဖုန်းကျန့် က ပြောသည်။
" ဒါပေမယ့် ကျွန်မ မှ သခင်လေး ကို မချစ်နိုင်တာ "
မင်းကြီး ဘာမှ ဆက်မပြောနိုင်တော့ ဘဲ ဖုန်းကျန့် စိတ်ချမ်းသာဖို့ရာ ထွက်ခွာသွားတော့သည်။
ဖုန်းကျန့် မှာ မင်းကြီးလည်းထွက်သွားတော့ သူတင်းထားသော မျက်ရည် များ ကျလာတော့သည်။
YOU ARE READING
Life Of A King And His Destiny (BL)(Own Creation)
Fantasyသူက ငါ့နှလုံးသားထဲကို နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေတဲ့ မြှားတစ်စင်း လိုပဲ မင်းသာ အဲ့မြှားကို ငါ့နှလုံးသားထဲကနေ ဆွဲထုတ်လိုက်ရင် ငါ ဆက်ပြီး ရှင်သန်နိုင်မယ် မထင်ဘူး