ep 1

13.7K 444 0
                                    

"ဘုတ်....."

တိတ်ဆိတ်နေတဲ့ အခန်းတွင်း၌ စားပွဲပေါ်မှ စာအုပ်ပြုတ်ကျသံဟာ ကျယ်လောင်စွာပဲ ထွက်ပေါ်လာခဲ့သည်။
အဲ့ဒီအသံကြောင့်‌ပဲ စားပွဲပေါ် ခေါင်းတင်ပြီး အိပ်စက်နေခဲ့သည့် သော်တာမှူးဝေတစ်ယောက် အိပ်ချင်မူးတူးနဲ့ ဟိုကြည့်ဒီကြည့်လုပ်ရင်း နိုးလာခဲ့ပါပြီ။

သူက အိပ်ချင်မူးတူးနဲ့ပဲ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်မိတယ်။ အခြေအနေဟာ လူခြေက တိတ်ဆိတ်နေခဲ့ပြီး အချိန်အခါအရဆိုရင်တော့ ညနေတောင်တော်တော်လေး စောင်းနေခဲ့ပြီလေ။ ကျောင်းခန်းထဲ၌ လူတစ်ကောင် ကြောင်အမြီးတောင် မတွေ့ရတော့ပါချေ။

'ဒါနဲ့... ကျောင်းက ဆင်းသွားခဲ့ပြီလား။ ဘယ်တုန်းကလဲ သူ့လည်း ဘယ်သူမှ လာနှိုးမကြပါလား။ ဒါဘယ်လိုဖြစ်ရတာလဲ’လို့တွေးမိနေတုန်းမှာတင် သတိထားမိသွားသည်။

"ya...ခွေးမ ထူးလဲ့၊ ဒါသက်သက် လုပ်သွားတာပဲ"
‌သော်တာမှူးဝေတို့ သူ့ရဲ့ချစ်လှစွာသော သူငယ်ချင်းလေးအား ကျိန်ဆဲလိုက်မိပြီ။

'wow...အံ့ဩလိုက်တာ။ သူငယ်ချင်း တစ်ယောက်လုံးကို တောင် ဘယ်လိုစိတ်မျိုးနဲ့ အခန်းထဲမှာ ဒီတိုင်းထားပစ်ခဲ့ရက်ရတာလဲ။ တော်တော်လေးကို အသည်းနှလုံးမရှိတာပါလေ'

သော်တာမှူးဝေမှာ သူ့ကိုဂျင်းထည့်သွားတဲ့ သူငယ်ချင်းမကို ကြိမ်းဝါးနေရင်းကပဲ ထိုင်ခုံပေါ်မှာထိုင်ပြီးအိပ်ထားခဲ့ရလို့ ညောင်းညာနေသည့် သူ့ရဲ့ခန္ဓာကိုယ်ကို အနောက်လှည့်ကာ အကြောအချင်လှည့်ဆန့်လိုက်မိသည်။

"ဝါး....အိပ်လို့တော့ကောင်းသား... အား!!!! သရဲ"

သန်းဝေနေရာမှ ချက်ချင်းပဲ သော်တာမှူးဝေတစ်ယောက် အလန့်တကြားထအော်ပြီး အလျင်အမြန် သူ့မျက်လုံးတွေကို လက်နှစ်ဖက်နဲ့ အုပ်လိုက်လေတော့သည်။

".............."

ခဏလောက်နေပြီးတဲ့ထိ ဘာအသံမှ မကြားရတော့မှပဲ သော်တာမှူးဝေမှာ ကြောက်ကြောက်နဲ့ လက်ချောင်းတွေကြားထဲကနေ မရဲတရဲလေး ပြန်ချောင်းကြည့်ရရှာသည်။

ထိုချိန် သူတွေ့လိုက်ရသည်က သရဲဟုတ်မနေပဲ သူ့ကို ပြူးကြောင်ကြောင်နဲ့ကြည့်နေခဲ့သည့် သူရဲ့အခန်းထဲက အမထိုက်ထိုက်စံသာ ဖြစ်နေခဲ့ပါသည်လေ။

ME AFTER YOUWhere stories live. Discover now