ep 2

3.6K 324 2
                                    

ဘာလိုလိုနဲ့ သော်တာတို့ရဲ့ အတန်းဟာ နေ့တစ်ပိုင်းတော့ ပြီးသွားခဲ့လေပြီ။ သူ့မှာ ဘယ်လောက်တောင် စာတွေကို သေချာလိုက်လုပ်လဲဆို ပထမအချိန်ဆရာမကနေ တခြားနောက်ဆရာမအချိန်ကို ဘယ်ချိန်ပြောင်းသွားမှန်းတောင် မသိလိုက်မိဘူးရယ်။ ဒီအတိုင်း ကြားနေရသမျှ စကားလုံးတွေဟာ သူချော့သိပ်နေသလိုမျိုးနဲ့ အိပ်ပျော်လို့သွားမိခဲ့တာပင်။

"ဟဲ့ထမယ် သမီးသော်တာ။ အတန်းကဆင်းလို့ နေ့လယ်စားချိန်တောင် ရောက်နေပြီ သမီးရဲ့ .....ဖုန်း!"

ထူးလဲ့သစ်လေးက မနက်ကအကြွေးဆပ်တဲ့အနေနဲ့ သူ့ဘေးနားက စက်တော်ခေါနေသော ချစ်သူငယ်ချင်းကြီးရဲ့ ကျောကို ညင်သာစွာ ဖုန်းခနဲရိုက်ပြီး နိုးလိုက်ပါသည်။

"အား..... နာတယ် ချီးစားမရဲ့"

"Hey! my daughter please be polite "

"ချီးစကားတွေ လာပြောမနေနဲ့ ။ သွား...သွားစရာရှိတာသွား"

"ဘာလဲ။ နင်ကောမလိုက်ဘူးလား"

"မလိုက်..."

အင် သူတို့က ကန်တင်းသွားမှာဆိုတော့ အဲ့မှာ အမထိုက်ထိုက်စံကော ရှိနေမလား။

'အာ...သူ့ဘာသူ ရှိရှိမရှိရှိ။ ငါကဘာလို့ ဂရုစိုက်နေတာလဲ။ ရူးနေပြီလား'

တစ်ယောက်ထဲ ခေါင်းရမ်းလိုက် ခေါင်းခါလိုက် ဖြစ်နေတဲ့ သော်တာမှူးဝေကြောင့် ထူးလဲ့သစ်ကတော့ သူမလိုက်တော့ဘူးလို့ ထင်သွားပေသည်။

"ဘာလဲ မလိုက်ဘူးလား။ အဲ့ဆိုလည်း ငါတို့သွား..."

"ဟေး...နေဦး။ ငါလည်းလိုက်မယ်"

ဒါက နေ့လယ်စာစားချိန်လေ။ ဆိုတော့ နေ့လယ်စာ စားရမှာပေါ့။ ဟုတ်တယ် သူဗိုက်ဆာလို့ ကန်တင်းသွားမှာ။ သူ့ကို တွေ့ချင်လို့ သွားမှာမဟုတ်ဘူး။ ဒါနဲ့ သူဆိုတာ ဘယ်သူလဲ။ အား... ဘယ်သူမှ မဟုတ်ဘူးကွာ။

×××××

နေ့လယ်ထမင်းစားချိန်ဆိုတော့ ကန်တင်းမှာ လူတွေက စည်စည်ကားချက်ပဲ။ ထိုင်စရာနေရာက သိပ်တောင် မကျန်ချင်တော့တာမို့ သူတို့လည်း ကြည့်ကျပ်ပြီးတော့ လွတ်နေတဲ့ဝိုင်းမှာပဲ ဝင်ထိုင်လိုက်ရသည်။

ME AFTER YOUWhere stories live. Discover now