ကမ္ဘာကြီးရဲ့အစဟာဤလှပတဲ့မျက်လုံးတွေပေါ်မှာမူတည်သည်တဲ့~
ထိုစကားတို့ကအလိမ်အညာများသာ....
______________________________
"သူ့ရဲ့မျက်လုံးတွေကလှလိုက်တာ"
အလှအပတွေကိုသဘောကျတဲ့ ဒီမြို့ကြီးမှာလှပလွန်းတဲ့ခရမ်းပြာရောင်မျက်လုံးလေးတွေနဲ့ ကလေးငယ်တစ်ယောက်ဟာ စတင်မွေးဖွားလာခဲ့တယ်။
အသက်ရှူမှားလောက်အောင် ကြည်လင်လှပတဲ့ခရမ်းရောင်မျက်လုံးတစ်စုံကပြာလဲ့နေလျက် ......
ထိုကလေးငယ်၏လှပသောမျက်လုံးများ၏ အကြောင်းကတစ်မြို့လုံး၏သတင်းတွင်မပါမဖြစ်သောအရာတစ်ခုသာ။
သို့သော်လှပသောအရာတို့သည်ကြာရှည်မခံတတ်ကြောင်းကိုထိုသူတို့မေ့နေကြသည့်အလား။
"မားမား သားကဘာလို့အင်္ကျီအဖြူတွေပဲ၀တ်ရတာလဲ"
ရှပ်အင်္ကျီအဖြူကကြယ်သီးတွေကိုတစ်လုံးချင်းတပ်နေရာမှကလေးငယ်က မကျေနပ်စွာမေးတယ်။ဗီရိုထဲတွင်လည်း အဖြူရောင်အ၀တ်အစားတို့ကတောင်လိုပင်ပုံနေလျက်။
"သားရဲ့မျက်လုံးလှလှလေးတွေကို ပိုပြီးမြင်သာအောင်လုပ်ဖို့်အဖြူရောင်တွေကအကောင်းဆုံးပဲ"
မားမားရဲ့့စကားကို လိုင်ယာမငြင်းဆန်နိုင်ဘူး။မာမားကလည်းတကယ့်ကိုလှပတဲ့အမျိုးသမီးတစ်ဦးဖြစ်သလို ပါပါးကဒီမြို့ရဲ့အချောဆုံးမင်းသားတစ်ပါး။
ဒီလိုမိဘတွေဆီကမွေးဖွားလာခဲ့တဲ့လိုင်ယာဟာမိန်းကလေးတွေထိုင်ငိုရလောက်အောင် လှပပြီးနုနယ်လွန်းလှတယ်။
ပြစ်မျိုးမှဲ့မထင်ကင်းစင်နေတဲ့လိုင်ယာရဲ့ မျက်နှာလေးကို ခရမ်းပြာရောင်မျက်လုံးတို့ကတောက်ပစွာ ပြိုးပျက်နေအောင်အလှတို့ကိုဖော်ဆောင်ပေးတယ်။
ဒီမြို့မှာအကျည်းတန်တဲ့အရာဆိုတာနတ္တိ။
အလှတရားတို့ရဲ့မြို့တော်လို့တင်စား ခေါ်ဝေါ်ကြတဲ့မြို့ဟာလိုင်ယာရဲ့မျက်လုံးတွေကြောင့်တစထက်တစပိုပြီးတော့သတင်းမွှေးလာခဲ့တယ်။
YOU ARE READING
BEAUTIFUL EYES [COMPLETED]
Fantasyအလှတရားတွေကိုတွယ်ငြိမိတဲ့အခါ ကမ္ဘာကြီးကပိုပြီးအကျည်းတန်လာတယတ်တယ်။ ဒီနိယာမကိုလှပတဲ့မျက်လုံးတွေနဲ့ကောင်လေးတစ်ယောက်က အကျည်းတန်စွာပုံဖော်သွားခဲ့တယ် အလှတရားတွေကိုတွယ်ငြိမိတဲ့အခါ ကမ္ဘာကြီးကပိုပြီးအကျည်းတန်လာတတ်တယ်။ ဒီနိယာမကိုလှပတဲ့မျက်လုံးတွေနဲ့ကောင်လေးတစ်...