ep 4

2.9K 278 1
                                    

သော်တာမှူးဝေတို့ ထိုက်ထိုက်စံပြန်သွားပြီး နောက်ပိုင်း အဲ့ဒီညမှာပဲ အဖျားတွေပြန်တက်လာခဲ့လို့ ဆေးရုံမှာတင်နှစ်ရက်လောက် ဆက်နေလိုက်ရသည်။

အမထိုက်ထိုက်စံကိုတော့ သူဆေးရုံတက်ရသည့် ပထမဆုံးနေ့ကလွဲပြီး နောက်ထပ်နောက်ထပ်ရက်တွေမှာ အရိပ်အချည်တောင်မှ ထပ်မတွေ့ရတော့ပါချေ။ အဲ့နေ့က အမထိုက်ထိုက်စံ သူ့ဆီလာသွားပေးခဲ့တယ်ဆိုတာကလည်း အိမ်မက်မျာလား တကယ်များလားတာတောင် မသဲကွဲတော့ဘူးလေ။ လူကပဲ အဖျားကြောင့် ယောင်ချာချာနဲ့ ထင်ယောင်ထင်မှား ဖြစ်ခဲ့သလိုလိုလို့တောင် ထင်သွားရသည်။

ဆေးရုံဆင်းပြီး အိမ်မှာ သေချာလေး အနားယူပြီးနောက်တော့ ဒီနေ့ သူအတန်းပြန်စတက်ဖြစ်ပါပြီလေ။

အဖျားပြန်ပျောက်ကာစ နွမ်းဖတ်ဖတ်မျက်နှာလေးက သိပ်မလန်းဆန်းသေးပေ။ ထိုသို့ နုံးခွေခွေနဲ့သာ ကျောင်းသို့လာခဲ့ရပေ၏။ သော်တာမှူးဝေတို့ အတန်းထဲဝင်သွားလိုက်ချိန်...

"ဟာ...သော်တာ! နင်က ကျောင်းတောင်ပြန်တက်တော့မလို့လား။ ဘာလို့လဲ ထူးထူးဆန်းဆန်းတွေဟယ်"

အခန်းထဲ ဝင်တာနဲ့ သူ့ကို စီးကြိုပြီးမေးနေသည့် ထူးလဲ့သစ်။ မသိရင် သူကပဲ ကျောင်းပုံမှန်မတက်တဲ့လူလိုလို။ မေးတဲ့ပုံစံကိုက အချိုးမပြေတာပါ။

"ဟင်းဟင်း.... ကျောင်းလာတာ ငါကဘာလုပ်ရမှာလဲ စာသင်ဖို့လာတာပေါ့ဟ"

"စာ! စာသင်မှာ။ ဝါး...သော်တာ နင်! နေမကောင်းဖြစ်လိုက်လို့ စိတ်တွေပါ မကောင်း ဖြစ်သွားတာလား ဟမ်။ နေကောင်းပျောက်တာကော သေချာရဲ့လား"

ပြောရင်းနဲ့ ထူးလဲ့သစ်က သော်တာမှူးဝေရဲ့ နှဖူးကိုပါ စမ်းလိုက်သေးသည်။

"ထူး!လဲ့!သစ်! ကျေးဇူးပြု၍ပါ။ ငါ့ကို ဟာသတွေ မလုပ်စမ်းပါနဲ့"

ထူးလဲ့သစ်ကို ပြောပြီးတော့ သော်တာမှူးဝေတို့ သူ့နေရာမှာ ဝင်ထိုင်လိုက်သည်။ မထိုင်ခင်လေးမှာတော့ အနောက်ဘက်က ထိုက်ထိုက်စံတို့အတန်းကို မသိမသာလေး ကြည့်ဖြစ်အောင်ကြည့်လိုက်သေးသည်။

အမထိုက်ထိုက်စံဟာ သူ့ဘေးနားက အမချမ်းမျိုးသူနဲ့ စကားပြောပုံပဲ။ သူ့နေရာထိုင်ခုံမှာ ဝင်ထိုင်လိုက်ချိန်မှာတော့ အမထိုက်ထိုက်စံဘက်က သူ့ကို တစ်ချက်မော့ကြည့်လာပေသည်။

ME AFTER YOUМесто, где живут истории. Откройте их для себя