အပိုင်း ၃၄

37 7 1
                                    

( Zawgyi Version)

မင်းကြီး မွေးနေ့ပွဲ ၌ လူများ စည်ကားလျက်ရှိသည်။ အပျိုတော် များက
အက ၊ အတီး ၊ အမှုတ်များဖြင့် ပျော်ရွှင်ဖွယ်ကောင်းအောင်  ဖျော်ဖြေနေကြသည်။

သံအမတ်ကြီး ၊ မင်းသမီး တို့က သူ့တို့ အကြံအစည်နှင့် သူတို့ ပျော်နေကြသည်။

မင်းကြီးလည်း ဘာဖြစ်မည်မှန်း ခန့်မှန်းထားမိပြီ ဖြစ်သည်။ ထို့ကြောင့် သံအမတ်ကြီး၏အဖွဲ့ သူပုန်များ ဝင်မလာခင် သူ ခြိမ်းခြောက် ထားသော ကျင့်ရှီကို ခေါ်ပြီး အရင်မင်းကြီး ပုန်ကန်မှု ၏ အမှုမှန် ကို ဖော်ထုတ်မည်။ သူ က မင်းကြီး မဟုတ်ဘဲ အစားထိုး လူသာဖြစ်ကြောင်း
အကုန်လုံး ရှင်းပစ်မည်။ မယ်တော် ကို တော့ အသက်ချမ်းသာပေးပြီး  နန်းစွန့်မည် ။ ပြီးတော့ သူအား ပုန်ကန်ဖို့ရာ ကြိုးစားနေသော သံအမတ်ကြီး ကို ထီးနန်းပေးမည်။

အကယ်၍ အဆင်မပြေ ခဲ့သော် စစ်သူကြီး မု က သူ၏ စစ်တပ်များ ဖြင့် ကာကွယ်ပေးမည်။ ထို့ပြင်
နန်းပြင်ပမှ ကျင့်မင် ကလည်း လျို့ဝှက်စစ်တပ်များကို ဦးဆောင်ပြီး လာရောက်ကူညီမည်။

မင်းကြီး အရာအားလုံး ကို ကြိုတင် စီစဉ်ထားပြီ ဖြစ်သည်။

အကုန်လုံး ဖြေရှင်းပြီးလျှင် သူ့ကို စောင့်နေသော သူဆီသို့ အပြေးနှင်မည်။

လောလောဆယ် သူ ယွီဟန် ကို စေလွှတ်ပြီး ကျင့်ရှီကို အခေါ်တော်လွှတ်ရသည်။

..........

ယွီပင်း မှာ စစ်သူကြီး မု အိမ်တော်၌ နေရသည်မှာ မွန်းကြပ်လွန်း၍ သူ ရှဖန်းကို အိပ်ဆေး တိုက်ကာ ခိုးထွက်လာခဲ့သည်။ ယွီပင်း လက်ထပ်ပြီးကတည်းက စစ်သူကြီး မု က သူ့ကို လုံးဝ အပြင်ထွက်ခွင့် မပေးပေ။ မင်းကြီး မွေးနေ့ပွဲ ကို တောင် သူ့ကို သွားခွင့်မပေး။

ယွီပင်း မှာ ရွီရင်း ကို တွေ့ချင်၍ ခိုးထွက်လာခဲ့သည်။
ရွီရင်း အိမ်နား မရောက်မီ သူ ဗိုက်ဆာ လာတော့
ပေါက်စီ စားရန် ဆိုင်ထဲဝင်လိုက်သည်။ သူ အလောတကြီး ထွက်လာခဲ့တော့ ယွီပင်း ငွေ တစ်ပြားမှ မပါခဲ့ပေ။
သူ ပေါက်စီဝယ်ပြီးမှ သူ့ဆီ၌ ငွေမရှိတော့ အားနာရသည်။ သို့သော် ဆိုင်ရှင် သူဌေး က

Life Of A King And His Destiny (BL)(Own Creation) Where stories live. Discover now