အပိုင်း (၁)

6.7K 275 1
                                    

          ဘုရင်မင်းမြတ် ရဲ့ မိဖုရား အဖြစ် ရွေးချယ်ဖို့ရာထားတဲ့ မိန်းကလေးတစ်ယောက်။ အသက်က ၂၀  ၀န်းကျင်၊ ရုပ်ရည်က တိုင်းပြည်မှာ အချောဆုံး နံပါတ်၁ စာရင်း၀င်ပြီး အပြစ်အနာအဆာမရှိ ဖြူ၀င်းတဲ့အသားအရေ၊ သေးသွယ်တဲ့ ခန္ဓာကိုယ် နဲ့ ကျောပြင်ပေါ် ကျဆင်းနေတဲ့ ဆံနွယ် တွေက အသက်ရှူ မှားလောက်အောင် လှပလွန်းတော့ ဘုရင်မင်းမြတ်အတွက် မျက်စိကျစရာ ဖြစ်သွားရတော့တာပေါ့။

မိဖုရားအဖြစ် တင်မြောက်မယ့်နေ့ မတိုင်ခင် ၁ပတ်လောက်အလိုမှ စုန်းမ တစ်ဦး ဖြစ်နေမှန်း သိလိုက်ရတယ်။ စုန်းမဖြစ်လည်း အပိုင်ကြံဖို့အတွက် စိတ်ကူးခဲ့ပေမယ့် ထိုအမျိုးသမီးမှာ ချစ်ရမယ့် အကိုတော် က ရှိနေခဲ့ပြန်တယ်။ အကိုတော်က လည်း အစွမ်းထက်တဲ့ စုန်း တစ်ယောက် ဆိုတော့ သူ့ကို အနိုင်တိုက်ပြီး သူ့ကောင်မလေးကိုအပိုင်ကြံဖို့ ဘုရင်ကြီးခင်ဗျာ သူ့တိုင်းပြည်က အစွမ်းထက်ဆုံး စုန်း အတတ်တတ်တဲ့ လူတွေ နဲ့ပေါင်းပြီး နန်းတော်မှာ စုန်း အတတ်ပညာတွေ သုံးလို့မရအောင် စည်းတွေ ကြိုးတွေ နဲ့ ကြိုတင်စီစဥ်ထားလိုက်တော့တယ်။

မိဖုရားတင်မြှောက်မယ့် အခမ်းအနား ကျင်းပမယ့်နေ့ ရောက်တော့ ထို အမျိုးသမီးနဲ့ သူ့အကိုတော်တို့ နန်းတွင်းကို၀င်ရောက်လာခဲ့တယ်။ ထိုအမျိုးသမီးက ဘုရင်မင်းမြတ်ရဲ့ ကမ်းလှမ်းချက်ကို အကြိမ်ကြိမ် ငြင်းပယ် နေခဲ့လို့  ဘုရင် မင်းမြတ်က အမျက်တော်ရှပြီး အကိုတော်ကို ဓားစားခံဖြစ် ဖမ်းဆည်းခဲ့တယ်။ အကိုတော်ရော ထို အမျိုးသမီးကပါ အစွမ်းတွေ ထုတ်သုံးမရ လို့ ၂ယောက်လုံး ဒေါသတွေ အလိပ်လိပ် ထွက်ခဲ့ကြရတာပေါ့။ အကိုတော်ကို မီးရှို့ ဖို့အစီအရင်တွေနဲ့ လုပ်တဲ့အချိန်မှာ

" အကိုတော် အဖိုးပြောခဲ့တဲ့ ပညာကို မှတ်မိပါရဲ့လား။ ထိုပညာကို အသုံးချပြီး ရှင်သန်ဖို့ ကြိုးစားကြည့်ပါတော့"

အကိုတော်လည်း အပျို၊လူပျို စစ်သော သူ တစ်ယောက်ယောက်ကို စိတ်အာရုံဖြင့် လိုက်လံရှာဖွေရာ  မိဘုရားခေါင်ကြီး၏ အသက် ၁၈ နှစ်အရွယ်သာရှိသေးသော  ဒုတိယ သမီးတော် တစ်ဦးတည်းသာ ရှိသောကြောင့် ထို သူ၏ ခန္ဓာကိုယ်အတွင်း ခိုအောင်းရန်ဆုံးဖြတ်လိုက်သည်။ အကိုတော်၏ ခန္ဓာကိုယ်မှာ လောင်ကျွမ်းခဲ့ပီး ဝိညာဥ်သည် ထို မင်းသမီး၏ ခန္ဓာကိုယ် အတွင်းသို့ရောက်ရှိသွားသည်။နန်းတွင်းမှ နန်းသူနန်းသားများ ကြောက်လန့်တကြား ပြာယာခတ်ကုန်တော့၏။ ဘုရင့် သမီးတော်၏ ခန္ဓာကိုယ်မှာ အားနည်းလွန်း၍ သတိလစ်သွား၏။ ဘုရင်လည်း   စဥ်းစားရခက်သွားသည်။ သူ မြတ်နိုးရတဲ့ သူ့သမီးတော်လေးကို သတ်ပစ်ရမလား အရှင်ထားရမလား  ဝေခဲ့ မရဖြစ်မိလေသည်။ ပရောဟိတ်တွေက တော့ မသတ်ပဲ စောင့်ကြည့်ဖို့နဲ့ မင်းသမီး မ ဟုတ်တော့ဘဲ စုန်းဖြစ် သွားတဲ့အချိန်မှ သတ်မိန့်ပေးဖို့ အကြံပေးခဲ့ကြတယ်။
ဟို စုန်းမလေးကို တော့ ချောမောလှပလွန်းနေလို့ ဘုရင်မင်းမြတ်က မသတ်ရက်ဘဲ ချုပ်နှောင်ထားဖို့အမိန့်ပေးခဲ့တယ်။

Loveliest Witch (လှပသော စုန်းမ)Where stories live. Discover now